စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံ စစ်သားတစ်ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့စခန်းအထိုင်ချထားတဲ့​ ဒီပဲယင်းမြို့မရဲစခန်းကနေ အပြင်ထွက်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်

“အောက်တိုဘာလ ၁၇ရက် မနက်ပိုင်းက သူတို့စခန်းအထိုင်ချတပ်စွဲထားတဲ့နေရာကနေ အပြင်ထွက်တဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာ။ သေတဲ့သူ၊ ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိခဲ့ပြီး အရှင်ဖမ်းဆီရမိတဲ့ အကြမ်းဖက်စစ်သားက မိုင်းစစ်ဆင်ရေးအကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့သူဖြစ်တယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုအတွင်း အင်အား ၂၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးကာ ထွက်ပြေးသွားခဲ့ရပြီး ညဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရော ပြည်သူတွေပါ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဒီပဲယင်းမြို့နယ် ပကဖ၊ A2k ပကဖ၊ ပေါင်ချိန် ပကဖ၊ ခင်ဦးမြို့နယ် NAA-DFနဲ့ ခင်ဦးမြို့နယ် LBBGH တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းစစ်ဆင်ရေးတာဝန်ခံ (ဓာတ်ပုံ)
0 Shares:
You May Also Like
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းခွင့်ရခြင်းဟာ မွန်မြတ်ပြီး ဂုဏ်ယူရတဲ့အလုပ်ဖြစ်တယ်လို့ ပေါ်တာဆွဲစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မှော်ဘီတွင် စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းပိုင်သည့် ဆိုင်ခန်းများ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေတပ်နှင့် ပတ်သက်သူများကို တိုက်ခိုက်မည်ဟု Yangon Army အသိပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ အကြမ်းဖက်လေတပ်နဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။