ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး – KNU က ဒီနေ့မနက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။

လေးကေ့ကော်မြို့သစ်အနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ် မစခ−၆၀၆ လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က အောက်တိုဘာလ (၁၇) ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲ့ဒီတပ်စခန်းကို K.N.L.A ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့က (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စခန်းသိမ်းပိုက်ချိန်အတွင်း စစ်သုံ့ပန်းတွေအပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဆီက (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နဲ့ လက်နက်ငယ်တွေအပါအဝင် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ KNU က ဆိုပါတယ်။

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်ကစလို့ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေ တာဝန်ယူခဲ့သလို ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ တပ်မ (၂၂)၊ တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်တွေပါ လာရောက်တပ်စွဲခဲ့တဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

အဲ့ဒီစစ်တပ်စခန်းဟာ နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်ကို ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်ကစလို့ မြဝတီနဲ့ ဖလူးဒေသတစ်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ပြည်သူလူထုအပေါ် အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ တပ်စခန်း တစ်ခုလည်း ဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

 

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဆီက သိမ်းဆည်း ရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ရတဲ့ K.N.L.A ဦးဆောင်တဲ့ K.N.D.O နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

တရုတ်က မြန်မာ့အရေးမှာ အိမ်နီးချင်းကောင်း မပီသစွာ ကျင့်၀တ်မဲ့ ၀င်ရောက်စွက်ဖက်ခြင်းဖြစ်

မြန်မာ့အရေးမှာ တရုတ်ရဲ့၀င်ရောက်စွက်ဖက်မှုကို တော်လှန်ရေးအင်အားစုတွေက လက်ခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

ကလေးငယ်ကို စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ကာ ဟာသပြတ်လုံးထုတ်ခဲ့သည့် အောင်ဇမ္ဗူဇာတ် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

ကလေးငယ်တစ်ဦးကို ဇာတ်စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ကာ ဟာသ ပြတ်လုံးထုတ်ခဲ့တဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

ထန်တလန်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။