အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino ကို အီတလီနိုင်ငံ ၊ ရောမမြို့က လွှတ်တော်အဆောက်အဦးဧည့်ခန်းမမှာ အောက်တိုဘာ (၁၈ )ရက် ဒီနေ့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာ၊ နယ်မြေ၊  စိတ်ဓါတ် ကျရှုံးတဲ့ အခြေအနေတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေအကြား လက်တွဲလုပ်ဆောင်နေတဲ့ အခြေအနေတွေကို NUG ဝန်ကြီးက ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို ဆောင်ကျဉ်းနိုင်မှာမဟုတ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် Hon. Piero Fassino ကလည်း အီတလီအောက်လွှတ်တော်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါသေးတယ်။

 

(ဓာတ်ပုံ Ministry of Human Rights of the National Unity Government)

တဲ့ ရဲဘော်တွေက အရေးကြီးသလို ဒီရဲဘော်တွေရဲ့ ကျန်းမာရေး၊ အသက်ကယ်ဆယ်ရေးအတွက် တာဝန်ယူပေးနေတဲ့ ဆေးမှူးတွေကလည်း မရှိမဖြစ် လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် ဖြုတ်ချရေးအတွက် တိုက်ခိုက်ရေးသမားလုပ်ဖို့ တောထဲရောက်လာခဲ့ပေမယ့် တော်လှန်ရေး လိုအပ်ချက်အရ ဆေးမှူးဖြစ်လာသူ Lightning ကို မောင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

I am text block. Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေမှု ရပ်ဆိုင်းခြင်းကသာ မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်နိုင်သည့် နည်းလမ်းဟု ဦးကျော်မိုးထွန်း ကုလမှာ တင်ပြ

မြန်မာနိုင်ငံက အရပ်သားပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဟာ စစ်ကောင်စီထံ တစ်ကမ္ဘာလုံးက လေယာဉ်ဆီရောင်းချနေမှုကို ဟန့်တားဖြတ်တောက်ပိတ်ဆို့ဖို့ ဖြစ်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ 
Read More

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုထိန်လင်း တရုတ််နိုင်ငံကို အကူအညီတောင်း…

"ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးရန် တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေး အတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်"လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။