ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေရဲ့ နေထိုင်မှုဘဝ အခက်အခဲဖြစ်စေဖို့အတွက်  အဆောက်အအုံကို တမင်တကာ ဖျက်ဆီးခဲ့ပြီး လားရှိုးမြို့နဲ့ အနီးပတ်ဝန်းကျင် ရေနဲ့လျှပ်စစ်ဓာတ်အား စက်ရုံတွေကို အဆက်မပြတ် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းက လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုက နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံး ၄ လုံးကို ကြဲချခဲ့ရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့နဲ့ သိန္နီမြို့က လူနေရပ်ကွက်တွေအပြင် စာသင်ကျောင်းတွေ၊ ဈေးတွေနဲ့ အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှု အများအပြား ရှိခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်တာဟာ ပြည်သူတွေ နေထိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နှောင့်ယှက်ဟန့်တားတာ ဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။

အောက်တိုဘာ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ် တိုက်လေယာဉ်တွေဟာ လားရှိုးမြို့ ရပ်ကွက် ၁ က နားမခေါ် ဓာတ်အားပေးစက်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဓာတ်အားပေးစက်ရုံရှိ စက်အချို့ ပျက်စီးခဲ့ပြီး ဒေသခံ အရပ်သားတစ်ယောက် သေဆုံးခဲ့သလို တစ်ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စကစ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခံရသည့် ဓာတ်အားပေးစက်ရုံ တစ်ရုံ (ဓာတ်ပုံ 果敢资讯网 )
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင် (သို့) အရှေ့တောင်အာရှရဲ့ ပထမဆုံး ICC ဝရမ်းပြေး အလောင်းအလျာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
Read More

ဝေါနှင့်ရွှေကျင်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရှိနေပြီး နှစ်ဖက်ထိခိုက်များမှုရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေးဘက်ကလည်း ကျဆုံးမှုတွေရှိကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။