တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၄ ရက်ကနေ ၂၂ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad – TNI အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ကဗိုလ်၁ယောက်အပါအဝင်၄ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို  Dragon Squad အဖွဲ့သားတွေက  မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () () တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း ပျူခေါင်းဆောင် သီတာယုမွန်နှင့် စစ်အုပ်စု စခန်းချထားသည့် နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းရှိ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ စစ်အုပ်စု အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ် ပြန်ပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူစောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူ‌စောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Dynamite - Special Task Forceမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာရှိ အထက်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း ဒီဇင်ဘာ ၂၉ ရက် ညနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ ဟိုတယ်နဲ့ Night Club မှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိတဲ့ အတွက် ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက် ခိုက်ခဲ့တယ်လို့ Youth Guerrilla Counter Revolution - NZ တပ်ဖွဲ့ထံက သိရပါတယ်။