မန္တလေးတိုင်း၊ မြင်းမူမြို့ရဲစခန်းနဲ့ ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၁၇ ရက် မနေ့က မနက် ၁ နာရီဝန်းကျင်အချိန်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force MNRF အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ၄၀ မမ၊ ၆၀ မမ၊ RPG (R12) ၊ MA စက်လက်တွေနဲ့ တိုက်ပွဲအတွင်း အပြင်းအထန်ခုခံခဲ့ပြီး တပ်စွဲထားတဲ့ ဝန်းအပြင်ထွက်မလာရဲဘဲ အကြမ်းဖက်စစ်ယာဉ် ၈ စီး စစ်ကူခေါ် အင်အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို  Moe Nyo Revolution Force MNRF ၊ Dog Killers People’s Defence Force Myinmu (DKPDF-MMU) ၊ စစ်ကိုင်းမြို့နယ်တိုက်ခိုက်ရေးတပ်ခွဲ(၂)နဲ့ မဟာမိတ်ပူးပေါင်း(၃)ဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဥပဒေအထက်မှာ မည်သူမျှရှိမနေစေရဘူးလို့ NUG စစ်ခုံရုံးဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာကြဖို့ NUG လက်အောက်ရှိ စစ်ခုံရုံး ၁ ခုက ပြောကြားခဲ့ပါတယ်။
Read More

မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ တရားခွင် ရုပ်သံဖိုင် ထွက်ပေါ်လာ (ရုပ်/သံ)

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ဂူတိုက်နယ်‌ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ အဆိပ်ငွေ့ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLA ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီက အဆိပ်ငွေ့ဗုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းမြို့နယ် အလူးလေးနှင့် သပြေနီကျေးရွာအကြား စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးနဲ့ သပြေနီကျေးရွာအကြား ဧပြီ ၂၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၆ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးဖြူတပ်ရင်းထံက သိရပါတယ်။