ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး – KNU က ဒီနေ့မနက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။

လေးကေ့ကော်မြို့သစ်အနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ် မစခ−၆၀၆ လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က အောက်တိုဘာလ (၁၇) ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲ့ဒီတပ်စခန်းကို K.N.L.A ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့က (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စခန်းသိမ်းပိုက်ချိန်အတွင်း စစ်သုံ့ပန်းတွေအပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဆီက (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နဲ့ လက်နက်ငယ်တွေအပါအဝင် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ KNU က ဆိုပါတယ်။

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်ကစလို့ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေ တာဝန်ယူခဲ့သလို ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ တပ်မ (၂၂)၊ တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်တွေပါ လာရောက်တပ်စွဲခဲ့တဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

အဲ့ဒီစစ်တပ်စခန်းဟာ နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်ကို ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်ကစလို့ မြဝတီနဲ့ ဖလူးဒေသတစ်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ပြည်သူလူထုအပေါ် အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ တပ်စခန်း တစ်ခုလည်း ဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

 

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဆီက သိမ်းဆည်း ရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ရတဲ့ K.N.L.A ဦးဆောင်တဲ့ K.N.D.O နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာပမြို့နယ်က စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ)…
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
Read More

မလိဝမ်းရဲစခန်းနှင့် အမှတ် (၅၈၂) ခြေမြန်တပ်ရင်းကို ကော့သောင်း ပကဖ တိုက်ခိုက်၊ စစ်တပ်အရာရှိတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ မလိဝမ်းရဲစခန်းနဲ့ အမှတ်(၅၈၂)ခြေမြန်တပ်ရင်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွား ဦးတည်နေသည့် ရွေးကောက်ပွဲအတုကို မွန်ခမာအုပ်စု လူငယ်များ ဆန့်ကျင်ကန့်ကွက်

အာဏာသိမ်းစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ သွေဖယ်နေပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးတည်နေတာကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို မွန်ခမာအုပ်စုဖြစ်တဲ့ ဝ၊ တအာင်းနဲ့ မွန် လူငယ်တွေက ထုတ်ပြန်လာပါတယ်။