အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၅ နဲ့ အပတ်စဉ် ၆ က သင်တန်းဆင်း တပ်သားသစ်တွေကို ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်ထဲ ပို့ဆောင်နေတာလို့လည်း သိရပါတယ်။
“ဟင်္သာတမြို့နယ် ကွင်းကောက်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၅ တန်းမြှင့် လေ့ကျင့်ရေးကျောင်းက သင်တန်းဆင်းတွေနဲ့ ပုသိမ်မြို့ အမှတ် ၆ အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းဆင်း အများစုကို ရခိုင်ပြည်နယ် ကစစ်ဆင်ရေးဒေသတွေကို ပို့ဆောင်ပေးနေတာ။ အကြမ်းဖက်
စစ်ကားတွေနဲ့ ပို့ပေးနေတာ”လို့ စစ်တပ်နဲ့နီးစပ်တဲ့ ပုသိမ်မြို့ခံတစ်ယောက်က ပြောပါတယ်။
“ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တွေ ရခိုင်ပြည်နယ် မောင်တောဒေသထဲမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေလို့ သင်တန်းဆင်း စစ်သားသစ်တွေကို အောက်တိုဘာလ ၁၅ရက်နေ့က အားချင်း ပို့ပေးနေရတာ။ အောက်တိုဘာလ ၁၆ရက်နဲ့ ၁၇ရက် မနက်ပိုင်းမှာလည်း ထပ်ပို့ပေးနေကြတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မောင်တောမြို့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ နယ်ခြားစောင့်တပ်ဌာနချုပ်ကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုခံကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ်က စစ်သင်တန်းပေးနေပုံ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် ပျူစောထီး၊ အုပ်ချုပ်ရေးဝန်ထမ်းများကို အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေကို အရှင်ဖမ်းဆီးရမိထားကြောင်း အင်းတော်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

သဲဖြူရွာက ညီအစ်ကို  ၂ ယောက်ကို စစ်အုပ်စု ခေါင်းဖြတ်သတ်ခဲ့

တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU - Mergui - Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူတွင် သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူအဖွဲ့နှင့် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းထိုးနေ၊ စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူစောထီးတွေနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက ကျေးရွာတွေကို စီးနင်းဝင်ရောက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီး 

တအာင်းတပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။