ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှာ အဲဒီစစ်စခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းများစွာနဲ့ စစ်သုံ့ပန်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ကနဦး သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ ဟုတ်ကဲ့ပါ။ ပဒိုကလယ်စေး က အတည်ပြုပေးပါတယ်ဗျ။ အသေးစိတ်ကိုတော့ ကေအဲန်ယူရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာကနေ တင်ပြပေးသွားပါမယ်ဗျ။” လို့ မောင်းကို ပြန်လည် ဖြေကြားထားပါတယ်။
စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းဟာ မြ၀တီမြို့အနီးနားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှန်သမျှကို လက်နက်ကြီး ပစ်ကူပေးနေတဲ့ အဓိကပင်မ စခန်းတစ်ခုဖြစ်ပြီး အဲဒီစခန်းကို သိမ်းယူနိုင်ဖို့အတွက် ၂ လကျော်ကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Cobra Column
0 Shares:
You May Also Like
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ကခုန်ပျော်ပါးတာတွေမလုပ်ဖို့ ကော့သောင်းပကဖ သတိပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ရေဦး ပကဖ ဆီ စစ်ကောင်စီရဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်၊ ရေဦး ပကဖ က သိန်း ၅၀ ဆုချီးမြှင့်…

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ဖားအံခရိုင်အတွင်း ဖမ်းမိသည့် ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးများကို ထိုင်းတာဝန်ရှိသူများနှင့်အတူ KNU မီးရှို့ဖျက်ဆီး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်နေဟု KNU ဆို

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အာဏာသိမ်းကာလ ၅နှစ်နီးပါးရောက်ရှိနေချိန် ပြည်သူတွေရဲ့ရင်မှာ အားကောင်းနေဆဲဖြစ်တဲ့ Boycott

၅နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးခရီးအတွင်း လက်ရှိအချိန်ဟာ အခက်ခဲဆုံးဆိုတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပေမယ့် ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်ဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးကတော့ မပြောင်းမလဲ ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မတတ်သာလို့နေရပေမယ့် ပြည်သူတွေဟာ တတ်နိုင်တဲ့ဘက်က ရသလောက် အာဏာရှင်တော်လှန်ရေးမှာ ရပ်တည်နေကြတယ်ဆိုတာကို ဆက်လက်အားကောင်းနေဆဲဖြစ်တဲ့ ပြည်သူတွေရဲ့ Boycott လုပ်ဆောင်ချက်တွေနဲ့ အတိုင်းသား ချိန်ထိုးကြည့်လို့ရနိုင်ပါတယ်။