စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၅ ရက် ညဦးပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့ မြင်းချင်းပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ စတင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြင်းချင်းပျူစောထီးရွာကို စစ်ကူသွားဖို့အတွက် ဇီးကုန်းလေး ပျူစောထီးရွာအတွင်း ရောက်ရှိလာတဲ့ ပန်းရံပျူစောထီးရွာက အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကူမလာရောက်နိုင်တော့ဘဲ အဲ့ဒီစစ်ကောင်စီတပ်ဟာ မြင်းချင်းရွာထိပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲ ၁ နာရီကျော် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ်ပကဖ (G1/3) ၊ ရွှေဘိုမြို့နယ် ပကဖ PDO တိုက်ခိုက်ရေးအဖွဲ့၊ မြို့နယ် PDO Drone အဖွဲ့၊ တိုက်နယ် – ၂ ပကဖ ၊တိုက်နယ် – ၃ ပကဖ၊ တိုက်နယ် – ၅ ပကဖ၊ ညောင်ဦး ပကဖ၊ ဂဠုန်ကြီး Fixed Wings Drone အဖွဲ့ ၊ အားမာန် Fixed Wings Drone အဖွဲ့ ၊ IC Fixed Wings Drone အဖွဲ့ ၊ ဘီလူးညီနောင် Fixed Wings Drone အဖွဲ့နဲ့ နယ်မြေခံ ပကဖ တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားရက်တွေကို တဆက်တည်းပိတ်ပေးမယ်လို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ စည်းရုံး

စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားက ရက်တွေကိုပါ ဆက်တိုက်ပိတ်ပေးမယ်ဆိုပြီး Non-CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးနေမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ရွှေဘိုက ညောင်ကိုင်းကျေးရွာပျူစခန်းကို စခန်းစွန်ခွာ ထွက်ပြေးအောင် ရွှေဘို ပကဖ နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘို မြို့နယ်၊ ညောင်ကိုင်းကျေးရွာအတွင်း တပ်စွဲနေတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်တပ်ကို စခန်းစွန့်ခွာ ထွက်ပြေးစေဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပကဖ အသံ သတင်းဖော်ပြထားပါတယ်။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝက်လက် အရှေ့မြောက်ဘက်ရှိ ထုံးဘိုရွာကို စစ်တပ်မီးဝင်ရှို့၊ မြို့နယ်တစ်ခုလုံး စစ်ကြောင်းတွေလှုပ်နေလို့ အရပ်သားများ ထိတ်လန့်နေကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။