ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို အောက်တိုဘာ ၁၃ ရက် ညပိုင်းအချိန်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း တပ်ရင်းအတွင်းရှိ အရာရှိလိုင်းခန်းနဲ့ လက်နက်တိုက်တွေကို ထိမှန်ပေါက် ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Shadow SAF၏ကူညီမှုဖြင့် စစ်တောင်းမြစ်ဝှမ်းရေတာရှည်စစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၃၅၀၁ ၊လူ့ဘောင်သစ်တပ်ဖွဲ့နဲ့ စစ်တောင်းမြို့ပြပြောက်ကျား (နေပြည်တော်)တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။

0 Shares:
You May Also Like
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘူဂေးရီးယားနိုင်ငံမှာ မိုးအပြင်းအထန်ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၃ ယောက်သေဆုံး (ရုပ်/သံ)

ဘူဂေးရီးယားနိုင်ငံ Black Sea ကမ်းရိုးတန်းရှိ Elenite ခရီးသွားမြို့မှာ အောက်တိုဘာ ၃ ရက်က မိုးအပြင်းအထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လူ ၃ ယောက်သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ ပြည်သူများ နေထိုင်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း မိုးလေဝသပညာ ရှင်တွေက ခန့်မှန်းထားပါတယ်။
Read More

ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ်မီးရှို့နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၇ ဦးသေ၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အင်အား ၁၈၀ ခန့်နဲ့ ရွာစဉ်ပတ်မီးရှို့နေတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ၁ ရက်တည်း စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ မြောင်-မြင်းမ-ချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူတောင်းဆိုစာကို ယူကေရှိ မြန်မာသံရုံး လက်မခံ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးခံရထားရတဲ့ အမေ့ကို လွှတ်ပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက စာရေးသားတောင်းဆို ချက်ကို ယူကေရှိ မြန်မာသံရုံးသို့ သွားရောက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။