မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
ယောဒေသထဲက ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ ခလရ ၅၀နဲ့ ကျောက်ထုအမြောက်တပ်တွေထဲကနေ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးတာတွေအပြင် အိမ်မွေးတိရစ္ဆာန်သေကြေတာတွေ၊ နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
အောက်တိုဘာ ၅ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီက ဂန့်​ဂေါမြို့နယ်၊ ရေရှင်မရွာနဲ့ ထီးလင်းမြို့နယ် ကျင်းရွာကို တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လေကြောင်းတိုက်ခိုက်ပြီး အပြစ်မဲ့အရပ်သား ၆ယောက် သေစေကာ ၁၅ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့မှာပဲ ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ရော ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သေးလို့ ပန်းဆန်ရွာနေ အရပ်သား ၂ယောက်သေဆုံးပြီး ၁၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၀ရက်နေ့ကလည်း ဂန့်ဂေါမြို့ပေါ်မှာ သန်းခေါင်းစာရင်းကောက်ဖို့လုပ်နေတဲ့ ရပ်ကွက်ရုံးတွေနဲ့ မြို့မရဲစခန်းက မြို့နယ်မှူးအိမ်တွေ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ပါတယ်။
ဒီအတွက်စစ်ကောင်စီရဲ့ ခလရ ၅၀တပ်ထဲကနေ ၁၂၀မမ၊ ၆၀မမ စတဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိခဲ့ပြီး လာပို့ရွာနဲ့ စိုင်းဒူးရွာတွေဘက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ရွာတွေ လေယာဥ်နဲ့ ဗုံးကြဲခံရတာ ဒလန်တွေရဲ့လက်ချက်လို့လည်း ပြောလို့ရပါတယ်။ စစ်တပ်နဲ့ သူတို့ကြား သတင်းပေးချိတ်ဆက်အနေအထားကကွန်ယက်သဘောမျိုးတောင်ဖြစ်နေပြီလို့ ဆိုရပါမယ်။” စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် ဒေသခံတစ်ယောက်က သူ့အမြင်ကို ပြောပါတယ်။
အလားတူ အောက်တိုဘာ ၁၄ရက်၊ ညနေပိုင်းကလည်း ဂန့်​ဂေါမြို့နယ်၊ လာပို့ရွာနဲ့ ဘောပြင်းရွာတွေကို စစ်ကောင်စီက မိတ္ထီလာ ရှမ်းတဲ လေတပ်နဲ့ ကလေးနယ်တောင်းပိုင်းက တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ လေ​ကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့လို့ အရပ်သားထိခိုက်မှုတွေနဲ့ နေအိမ်ပျက်ဆီးမှုတွေ​ ရှိခဲ့ပါတယ်။
အောက်တိုဘာလ ၁၆ ရက်၊ မနေ့က ညနေပိုင်းမှာလည်း ထီးလင်းမြို့နယ်၊ ညောင်ရွာ နဲ့ အကြည်ဘန်းကျေးရွာ ကြားတစ်နေရာကို တိုက်ပွဲလုံးဝမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၄ လုံးကြဲချပြီး ရော့ကတ်တွေ၊ ပွိုင့်ဖိုက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းဒဏ်ကြောင့် အကြည်ဘန်းကျေးရွာနေ ပြည်သူ ၂ ယောက် (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေး ဝက် ၁၁ကောင်နဲ့ ညောင်ရွာက ကျွဲတစ်ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ယောဒေသထဲက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုနဲ့ ဆောမြို့နယ်တွေမှာ တပ်စွဲထားတဲ့ နေရာနဲ့ ၅မိုင်ပတ်ဝန်းကျင်က​ ကျေးရွာတွေအပေါ် နယ်မြေစိုးမိုးမှုရရေးအတွက် ကြိုးစားနေတယ်လို့လည်း ယောအလင်းတန်းက ပြောပါတယ်။
ဒီအတွက် စစ်ကြောင်းထိုးဝင်တာတွေ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို အချိန်မရွေးလုပ်ဆောင်နိုင်တာကြောင့် အရပ်သားပြည်သူတွေသတိထားကြဖို့ယောအလင်းတန်းက တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီက တစ်ပတ်အတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချပြီး ပြည်သူ ၈ယောက် သေဆုံးစေခဲ့

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

အင်းစိန် ကြို့ကုန်းဘူတာနားက ခလရ-၁၆ စစ်တပ် ဂိတ်ကင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God's Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးမွမ်းမံ သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။