ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF-Matupi) တပ်မဟာ -၁ အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်တဲ့ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေး ကို မတူပီမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။
အဲ့ဒီ (၆) လပတ် အစည်းအဝေးမှာ အရင် (၆) လ အတွင်း လုပ်ဆောင်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ပြည်သူ့ရေးရာ လုပ်ဆောင်ချက်တွေ အစီအရင်ခံ ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
မတူပီအပါအဝင် ချင်းပြည်ရဲ့ လာမယ့် စစ်ရေး အခန်းကဏ္ဍမှာ ကျစ်လစ်ခိုင်မာ အားကောင်းတဲ့ တပ်အင်အားတည်‌ဆောက်ရေး ၊ လက်နက်အင်အား တောင့်တင်းရေးနဲ့ ပြည်သူ့ အကျိုးပိုမို သယ်ပိုးနိုင်ရေးအတွက် ရှေ့ဆက်လုပ်မယ့် လမ်းစဉ်တွေ ချမှတ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လင်းယုန်တပ်ရင်းဟာ CDF-Matupi (တပ်မဟာ-၁) အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်ပြီး “ချင်းညီနောင်စစ်ဆင်ရေး-မတူပီ” Operation CB-Matupi မှာ တပ်ရင်းတစ်ခုလုံး ကျရာအခန်းကဏ္ဍမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ တပ်ရင်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မကွေးတိုင်း မြို့သစ်တွင် အိုးဝေမရပ်ပေးမှုကြောင့်  အမျိုးသား ၄ ဦးကို စစ်အုပ်စု ပစ်သတ်ပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွား

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ အိုးဝေမရပ်ပေးမှုကြောင့် အကြမ်းဖက်စစ်တပ်က အမျိုးသား ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး ပါလာတဲ့ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားခဲ့ကြောင်းမြို့သစ်မြို့နယ် ပကဖ တာဝန်ရှိသူထံကသိရပါတယ်။
Read More

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေကို NUG က စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လုပ်သက် ၇နှစ်ရှိတဲ့ ရဲတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People's Defence Force ထံက သိရပါတယ်။
Read More

မော်လမြိုင်က တောင်ဝိုင်းတောင် ဖြိုတာကို ဝေဖန်သော ဘုန်းကြီးအား စစ်တပ်က နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်သည်ဟုဆိုကာ လူဝတ်လဲအမှုဖွင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် ဦးစန္ဒာဇောတိ အပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး ဆရာတော်ကို လူဝတ်လဲကာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော် သီတင်းသုံးရာ ဘုန်းကြီးကျောင်းကို လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီကထဲက အဆက်အသွယ် ပြတ်နေတာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။