တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် – SNLD က ထုတ်ပြန်ပါတယ်။

တိုင်းပြည်ပြဿနာကို ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ အသံကောင်းဟစ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကြာစေ ရေး ကြိုးပမ်းလျက်ရှိနေမှုတွေကိုပါ  မျက်နှာဖုံးခွာချရမယ်လို့ SNLD ရဲ့ ၃၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်း အမှတ်အခမ်းအနားကတဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေထဲမှာ ပြည်သူအများစု ထောက်ခံအားပေးတဲ့ SNLD က စစ်အာဏာရှင် မရှိမှသာ လူထုနိုင်ငံရေးအဖြစ်သွားလို့ရမှာ ဖြစ်ကြောင်း သူ့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်တာပါ။

တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းလဲဘဲ၊ အုပ်ချုပ်သူလူတစ်စု ပြောင်းပြရုံနဲ့ ဒီမိုကရေစီကျင့်သုံးနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဖက်ဒရယ်နိုင်ငံရေးစနစ်အတွက် လူထုအုပ်ချုပ် ရေး ကို လူထုကိုယ်တိုင် ပါဝင်လုပ်ကိုင်နိုင်မယ့် အခင်းအကျင်း မပေါ်ပေါက်သေးသမျှ  နိုင်ငံရေး ပြဿနာဖြေရှင်းရေး မပြီးဆုံးသေးကြောင်း SNLD က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကမ္ဘာ့စံချိန်တင်ရှည်ကြာတဲ့ ပြည်တွင်းစစ်ဟာ အမျိုးသားတန်း တူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံတဲ့ အာဏာရှင်အဆက်ဆက်ရဲ့ ကျဉ်းမြောင်းယုတ်ညံ့တဲ့ နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာရှင်စနစ်နဲ့ ထောက်တိုင်တွေကို အပြီးတိုင်ဖယ်ရှားပစ်မှသာ နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်မယ်လို့လည်း ဆိုပါတယ်။

ခေတ်စနစ်အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း စုပေါင်းတည်ထောင်နိုင်မယ်လို့ အလေးအနက်ခံယူကြောင်း SNLD ကပြောပါတယ်။

အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် တမင်ရည်ရွယ်အကြမ်းဖက်နေမှုတွေနဲ့ မဆင်မခြင်တုန့်ပြန်ခုခံမှုတချို့ကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့ တိုင်းရင်းသားပြည်သူ တရပ်လုံးအတွက် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ်အချိန်ဖြစ်လို့ အားလုံးသွေးစည်းညီညွတ်ပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ချိန်တန်ပြီဖြစ်ကြောင်းလည်း အသိပေးတိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မဟာဗျူဟာကျတဲ့ လမ်းကြောင်း ၁၅ ခု အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့  ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်စခန်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ထိုးစစ်ကို စပါးရိတ်သိမ်းရာသီနှင့် စစ်ရှောင်အခက်အခဲများကြောင့် ရပ်ဆိုင်းထား

အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ဖောင်းပြင်မြို့ ပေါ်တွင် စစ်ကော်မရှင် တပ်သားများစွာနေထိုင်သည့် ရပ်ကွက် ဓားပြတိုက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့ပေါ်က အကြမ်းဖက် စစ်ကော်မရှင်တပ်သား အများစု နေထိုင်တဲ့ ရပ်ကွက်ထဲ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် − ၁ တပ်ရင်းဆီက သိရပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပုလောမြို့နယ် လက်ပံ့ပြင်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။