ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က အောက်တိုဘာ ၁၆ ရက်၊ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ အဆိုပါ တပ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရှိရသေးပါဘူး။
Dark Shadow အဖွဲ့အနေနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သတိပေးတဲ့အနေနဲ့ အခုလို တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရှေ့ဆက်ပြီးလည်း တိုက်ခိုက်ချေမှုန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ပြည်သူတွေလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေ၊ စစ်ကောင်စီလက်အောက်ခံ ရဲ၊ ပျူစောထီးတွေ စုဝေးရာနေရာကို မသွားကြဘဲ ဝေးဝေးကနေသာ ရှောင်ရှားသွားလာပေးဖို့ မေတ္တာရပ်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အထက်ပါမစ်ရှင်ကို ဖော်ဆောင်ခဲ့ကြတဲ့ ရဲဘော်တွေကလည်း ဘေးကင်းရာနေရာကို ရောက်ရှိနေပြီလို့ သိရပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)
0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၂၀၀ ကျော်ပါ စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Read More

အုတ်တွင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ်တိုက်ခိုက်၊ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ကရင်တစ်မျိုးသားလုံးအတွက် သာမက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာလို့ သူရဘွဲ့ရ ဗိုလ်ဒါဘော ပြော

စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးလုပ်နေတာဟာ ကရင်တစ်မျိုးသားလုံးအတွက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောကိုကို (ခေါ်) စောဒါဘောက ပြောဆိုလိုက်ပါတယ်။
Read More

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးလက်နက်ငယ်နှင့် မိုင်းအန္တရာယ်များ အသိပညာပေး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စလင်းမြို့နယ် ပကဖ တာဝန်ခံများနှင့်ရဲဘော်များမှ ကျေးရွာတွေကို သွားရောက်ကာ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးလက်နက်ငယ်အန္တရာယ်၊ မိုင်းအန္တရာယ်တွေနဲ့ပတ်သက်လို့ သတိထားရမယ့်အချက်တွေနဲ့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို လမ်းကမ်းစာစောင်တွေ မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပါတီမဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးသည်ဆိုကာ စစ်တပ်က လူငယ် ၄ဦးကို စစ်ကော်မရှင်က အရေးယူဖမ်းဆီး

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်ထဲက လူငယ်၄ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်၊ မနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်က ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ် ၁ ခု အပါအဝင် လေးထောင့်ကန်လမ်းနဲ့ ဗမ္ဗူဒိပ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခု၊ ဇဝနလမ်းဆုံရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနဲ့ PPP ပါတီ ဆိုင်းဘုတ် ၁ ခု တို့ကို လူငယ်တွေကဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားတာပါ။