ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ (၃၃) ၊ ဒေါနတပ်ရင်းက ဦးစီးကျင်းပပြုလုပ်တဲ့ စနိုက်ပါ (Sniper) သင်တန်းရဲ့ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်း တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ဆုရတဲ့သင်တန်းသားတွေကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
“ရန်သူက သူတို့အလုပ်သူတို့ စလုပ်နေပြီ ၊ ကျနော်တို့ကလည်း ကိုယ့်အလုပ်ကိုဆက်လုပ်ရမယ် ၊ (၂၀၂၅ ခုနှစ် မှာ အဆုံးအဖြတ်တစ်ခုခုပေးရလိမ့်မယ်“ လို့ ဗျူဟာမှူး စောဒါးကိုက ပြောကြားခဲ့ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မီတီဥက္ကဌ နိုင်မွန်စိုင်းကလည်း"စနိုက်ပါ လက်ဖြောင့်တပ်သားတွေရဲ့ တာဝန်ဟာ အင်မတန်မှ ကြီးလေးပါတယ်။ မိမိတို့ရဲ့ ကျန်နေတဲ့ ရဲဘော်များရဲ့ လုံခြုံရေးကို တာဝန်ယူရသလို ရန်သူ့ပစ်မှတ်ကို ကောင်းကောင်းကြီး ပစ်နိုင်ပြီး အောင်ပွဲယူဖို့ က အရေးကြီးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၅) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်းပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။
Read More

ချင်းပြည်နယ်နှင့် ချင်းတစ်မျိုးသားလုံးကို ကာကွယ်ပေးနိုင်သည့် တပ်မတော် တိုးမြှင့်ဖွဲ့စည်းရေး ချင်းညီနောင် သဘောတူညီချက် ချမှတ်

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေ ပေါင်းစည်းကာ ချင်းပြည်နယ်နဲ့ ချင်းတစ်မျိုးသားလုံးကို ကာကွယ်‌ပေးနိုင်ပြီး ပိုမိုကျစ်လျစ်ခိုင်မာတဲ့ (Standard Army) တပ်မတော်ကို တိုးမြှင့် ဖွဲ့စည်းသွားဖို့ သဘောတူညီချက်ချမှတ်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။