စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ မင်းကွန်း PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၆ရက်၊ မနေ့ကမနက်အစောပိုင်းက မင်းကွန်းတိုက်နယ်၊ ကားလမ်းဘေး၊ မယ်တော်ကြီးဘုရားရှေ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဝင်ရောက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ယောက် သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် အခင်းဖြစ်တဲ့နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်လာပြီး ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တာကြောင့် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၄ယောက်လည်း ပစ်ခတ်မှုထဲ ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
“ထိတဲ့အရပ်သား၄ယောက်မှာ ၂ယောက်က အသက်အန္တရာယ်စိုးရိမ်နေရတယ်။ အဲ့ထဲ ကလေးငယ်လည်းပါတယ်။” လို့ Mingun People’s Defence Force တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်ပွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ အနီးအနားနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို လူစည်းကားရာနေရာမှာ နယ်မြေခံအဖွဲ့အစည်းတွေကို အကြောင်းမကြားဘဲ မစ်ရှင်လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားထိခိုက်မှုတွေရှိခဲ့တဲ့အပေါ် လုပ်ဆောင်ခဲ့တဲ့သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့လည်း တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လို့ မင်းကွန်းPDF က ထုတ်ပြန်ထားပါတယ်။
” ပစ်ခတ်မှုဖြစ်တဲ့နေရာက လူအရမ်းစည်ပါတယ်။ ဘယ်လိုနေနေ အရပ်သားက ထိခိုက်မှာပါ။ မစ်ရှင်ကို ပြီးစလွယ်ဖော်ဆောင်ခဲ့ပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိလို့ အခုလိုသတင်းထုတ်ပြန်တာပါ။ လုပ်ခဲ့တဲ့အဖွဲ့တွေကိုတော့ ကျနော်တို့ အခုထုတ်မပြောသေးပါဘူး။ ကျနော်တို့ဘက်က ဆက်သွယ်ထားပေမယ့် သူတို့ဘက်က ဖုန်းတွေကို ပိတ်ထားပါတယ်။ ကျနော်တို့ကတော့ သူတို့တာဝန်ယူတဲ့အထိ ဆက်သွားမှာပါ။” လို့ Mingun People’s Defence Force တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် ဒီဖြစ်စဥ်အပေါ် NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဆီ စာပို့ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့လည်း Mingun People’s Defence Force က ဆိုပါတယ်။
မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်ဘုရားရှိရာ မင်းကွန်းဒေသမှာ မကြာခဏဆိုသလို ပြောက်ကျားဝင်ရောက်တိုက်ခိုက်မှုတွေရှိပြီး ပြီးခဲ့တဲ့လတွေတုန်းကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့စစ်အုပ်စုတွေ ပစ်ခတ်ခံခဲ့ရပါသေးတယ်။
0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကျေးရွာတွေကို သန်းခေါင်စာရင်းကောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးသွားတယ်လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူများအပါအဝင် Federal Wings ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ်များ ခေါ်ယူနေ၊ Research and Development လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်လိုသည့် တော်လှန်ရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

၁၈ မိုင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက ကြိုဆို (ဓာတ်ပုံသတင်း)

စလင်းမြို့က ၁၈ မိုင် စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ပခုက္ကူခရိုင် အ မှတ်(၁၅)တပ်ရင်းက ဒီနေ့ ဧပြီလ ၁၄ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။