စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၅ ရက် ညဦးပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့ မြင်းချင်းပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ စတင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြင်းချင်းပျူစောထီးရွာကို စစ်ကူသွားဖို့အတွက် ဇီးကုန်းလေး ပျူစောထီးရွာအတွင်း ရောက်ရှိလာတဲ့ ပန်းရံပျူစောထီးရွာက အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကူမလာရောက်နိုင်တော့ဘဲ အဲ့ဒီစစ်ကောင်စီတပ်ဟာ မြင်းချင်းရွာထိပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲ ၁ နာရီကျော် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ်ပကဖ (G1/3) ၊ ရွှေဘိုမြို့နယ် ပကဖ PDO တိုက်ခိုက်ရေးအဖွဲ့၊ မြို့နယ် PDO Drone အဖွဲ့၊ တိုက်နယ် – ၂ ပကဖ ၊တိုက်နယ် – ၃ ပကဖ၊ တိုက်နယ် – ၅ ပကဖ၊ ညောင်ဦး ပကဖ၊ ဂဠုန်ကြီး Fixed Wings Drone အဖွဲ့ ၊ အားမာန် Fixed Wings Drone အဖွဲ့ ၊ IC Fixed Wings Drone အဖွဲ့ ၊ ဘီလူးညီနောင် Fixed Wings Drone အဖွဲ့နဲ့ နယ်မြေခံ ပကဖ တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရေဘေးသင့် ပြည်သူတွေကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက သွားရောက်ကူညီထောက်ပံ့ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း - 3702 (PDF) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေ ၊ ရေဘေးရှောင်နေကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်တွေ သွားရောက်ကူညီပေးခြင်းတွေကို တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ကွင်းဆင်းကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

ပြည်သူကို ဒုက္ခပေးနေသည့် မြစ်ကျိုးနယ်ထိန်းရဲအား ရဲစခန်းအနီးမှာပဲ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်မှာ ပြည်သူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
Read More

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရကာ နေအိမ် (၁) လုံး ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၆၅) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။