ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၁၅ ရက် ညပိုင်းအချိန်က ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

မြင်းချင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေစဉ်အတွင်း စစ်ကူလာရောက်တဲ့ ပန်ရံ၊ မင်္ဂလာနဲ့ ဇီးကုန်း လေးပျူစခန်းကနေ ထွက်လာကြတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကိုလည်း ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးအကြိမ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်တော်လှန်ရေးတပ်တွေ မြင်းချင်းရွာကနေ ပြန်လည်ဆုတ်ခွာခဲ့ကြပြီး ရွာအတွင်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ အကြိမ်ကြိမ်ကြဲချပြီး ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၅ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ PDF ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ရွှေဘိုမြို့နယ် ပကဖ-တာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ PDO၊ တိုက်နယ် (၂) ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့(Group 1၊ 3၊ အနောက်မြောက်လွင်ပြင်ပကဖ)၊ ရွှေဘိုမြို့နယ်ပကဖ Shwebo Federal Tech Drone တပ်ဖွဲ့၊ တိုက်နယ်(၅)ပကဖ ဂဠုန်ကြီး Fixed wings Drone တပ်ဖွဲ့နဲ့ နယ်မြေခံပကဖ အဖွဲ့များ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ်းဖြူကျေးရွာ ဒေသခံအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည့် အကြမ်းဖက်စစ်သားများအား တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာက ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက် သေဆုံးပြီး PDF ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ကသတင်းထုတ်ပြန် ထားပါတယ်။
Read More

ဒီပဲယင်းမြို့မှာ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီစခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကုန်းသာဦးနဲ့ အထကကျောင်းကို မတ်လ ၂၈ ရက်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) ထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်၊ စစ်သား ၆ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ ကနေ သပြေညွန့်စခန်းကို ရိက္ခာလာပို့တဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယောနသံဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်းမှာ PTT ဓာတ်ဆီဆိုင်နှင့် 7-Eleven ကို ဒုံးကျည်ထိမှန်ပြီး ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ဖြစ်နေပေါ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ဇူလိုင်လ ၂၄ရက် ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်စစ်တပ်တွေ လက်နက်ကြီးနဲ့ လေကြောင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။
Read More

အကြမ်းဖက်စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့် ရန်ကုန်မြို့ တစ်နေရာမှာ “We Are Still Under the Military’s Boots”စာတမ်းချိတ်ဆွဲ (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ "We Are Still Under the Military's Boots"စာတမ်းချိတ်ဆွဲပြီး အကြမ်း ဖက်စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force - YRF ထံက သိရပါတယ်။