မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။

မနေ့က အောက်တိုဘာလ ၁၅ ရက်  ညနေပိုင်းမှ ာအဆိုပါဖမ်းဆီးခံရသူဟာ အပလွိုင်ကျေးရွာနဲ့ စုံပရောက်ကျေးရွာကြား ကင်းထောက်နေချိန်မှာ ရေးဘီလူးအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့က လက်နက်ကြီးတပ်ရဲ့ သင်တန်းဆင်းလူသစ် လူငယ်လေးတွေပါ။ နယ်မြေလမ်းကျွမ်းတော့ သူတို့ကို လမ်းပြအနေနဲ့ စကက ပြန်သုံးတာပေါ့လို့ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံရသူ လမ်းပြ (ဓာတ်ပုံ ရေးဘီလူး)

အဲဒီလူဟာအရပ်ဝတ်နဲ့ကင်းထောက်နေစဉ်သူ့ရဲ့အနောက်မှာလည်းကင်းပုန်းအဖွဲ့ပါလာပေမယ့်ဖမ်းဆီးခံရချိန်မှာတော့ကင်းပုန်းအဖွဲ့ကဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

သူကဆက်လက်ပြီးအပြန်အလှန်တိုက်ပွဲ မဖြစ်ခဲ့ပါဘူး။ အပြစ်ကြီးပါတယ်။ လက်နက်ကိုင် ဥပဒေအတိုင်း အရေးယူမှာပါလို့ပြောပါတယ်။

လက်ရှိအချိန်ကနေစပြီး စစ်ကောင်စီရဲ့ ထောက်တိုင်တွေ၊ ခရိုနီတွေ၊ ဒလန်တွေ၊ ပျူစောထီးတွေ၊ ဝန်ထမ်းတွေ၊ အပေါင်းအပါတွေစတဲ့ စစ်ကောင်စီနဲ့ပတ်သက်နေသူတွေအားလုံးကို လက်နက်ကိုင်ဥပဒေအတိုင်း တွေ့တဲ့နေရာမှာ ပစ်ခတ်ရှင်းလင်းမယ်လို့ ဆိုပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကလာကယ်ချင်တဲ့သူရှိရင် လာကယ်ပါ။ သူ့ကို စစ်တပ်နဲ့ အနီးနားမှာပဲ ထားထားပါတယ်။ ကျနော်တို့ကလည်း တပ်အနီးနားမှာပဲ ရှိနေပါတယ်။ လာကယ်ချင်ရင် လာကယ်ပါလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ စစ်တပ်အတွက် သန်းခေါင်စာရင်း ကောက်ယူပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို ရေးဘီလူး အဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ဝကျွန်းပေါ်‌ဒေသမှာ ဧရာဝတီတိုင်း စစ်ဌာန အခြေချနိုင်တာသည် အောင်ပွဲဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား၊ နှစ် ၇၀ ကျော် သက်တမ်းရှိ အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF က ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဧရာဝတီတိုင်းစစ်ဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်ခဲ့တာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံးအတွက် အောင်ပွဲဖြစ်တယ်လို့ မေလ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ဗျူဟာ (၂၉) AYA PDF ရဲ့ သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ကြောင်း တိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်၊ သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။
Read More

ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်ပါစေ ဟု မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး ၅ ရက်အကြာတွင် မင်းအောင်လှိုင် ပြော

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းကို ပြန်လည်အသုံးပြုခွင့်ပေး

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး ကာလရှည် အသုံးပြုခွင့်ပိတ်ထားတဲ့ မုံရွာ-အရာတော်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်တွေကို Red Wolves of Mogok တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။