တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု ၁၉ မိုင်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံ စားသောက်နေချိန် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ပျူစောထီး ဦးနောင်နီနဲ့ ဦးဘဦးတို့ ၂ယောက် သေဆုံးခဲ့ပြီး ကျန်တဲ့လူတွေက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

သူတို့ကို အကြိမ်ကြိမ် သတိပေးထားတယ်။ အဲဒါကို မလိုက်နာဘဲ စစ်မှုထမ်းဥပဒေကိစ္စနဲ့ သန်းခေါင်စာရင်းကိစ္စ ပြီးလို့ဆိုပြီး အောင်ပွဲခံနေကြတာ။ သတင်းရလို့ သွားရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါလို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကော့သောင်း ပကဖ အနေနဲ့ စစ်မှုထမ်းဥပဒေကိစ္စနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုတွေကို ကန့်ကွက်ကြောင်းနဲ့ အဲဒီကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်မှု မလုပ်ကြဖို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် ဂရုမစိုက် မလိုက်နာတာကြောင့် အခုလို ဝင်ရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပြည်သူနဲ့ မပူးပေါင်းဘဲ စစ်ကောင်စီအလိုကျ လိုက်လုပ်နေတဲ့ စစ်တပ်သတင်းပေး၊ သူလျှို၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စတဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့်ပြီး အရေးယူသွားမယ်လို့ ကော့သောင်းမြို့နယ် ပကဖ က အသိပေးထားပါတယ်။

ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေမှ အပတ်စဉ် (၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့တဲ့ အပတ်စဉ်(၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနား ပုံရိပ်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သရက်တွင် ပြည်သူပိုင်ပစ္စည်းခိုးသည့် စစ်ကြောင်းနှင့် ပစ္စည်းလာပို့သည့် စစ်ကားတန်း တစ်နေ့တည်း တိုက်ခိုက်ခံရ၊ အရာရှိနှင့် စစ်မေ​၊ ရဲများအပါ ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ သရက်​မြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေ ကားနဲ့တိုက်ယူနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကပစ လုပ်ငန်းသုံးပစ္စည်းတွေ တင်လာတဲ့ စစ်ကားတန်းကို တစ်နေ့တည်း ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်မေတွေအပါ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ United States Of Burma Army - USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

ရွှေပေါက်ပင်ရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ဦးနှင့် ပျူ ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်က ရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရ ရှိခဲ့တယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး (LDF) က မောင်းကို ပြောပါတယ်။
Read More

ကျောက်တံခါး၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်တိုင်းအတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျ​နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။