မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၁၂ရက်၊ မနက်ပိုင်းက ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ ရှောက်ပင်(အောင်မြင်) ရွာနဲ့ ခေါက်က္ကူရွာကြားတစ်နေရာမှာ အုတ်ဖိုရွာခံ အမျိုးသား၁ယောက်ကို လူ၃ယောက်က လုယက်မှုကျူးလွန်ခဲ့ကြပြီး ကျူးလွန်သူအကုန်လုံးကို နောက်တစ်နေ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိသူတွေထဲ ပျားရွာနေ အသက် ၅၀ကျော်အရွယ် ဒေါ်နှင်းမူနဲ့ အသက်၄၅နှစ်အရွယ် ဦးနေမျိုးထွန်းတို့က ဦးဆောင်ခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ စစ်သုံ့ပန်းဟောင်း ၁ယောက်နဲ့ လူငယ်၁ယောက်လည်း ပါဝင်ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်အရ နစ်နာသူ ကိုအောင်သန်းဝင်း (အသက် ၄၂နှစ်) နဲ့ ကျူးလွန်မှုကို ဦးဆောင်ခဲ့တဲ့ ဒေါ်နှင်းမူတို့ဟာ လူမူကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ကတဆင့် ရင်းနှီးကျွမ်းဝင်ပြီး ကိုအောင်သန်းဝင်းဟာ ရည်ရွယ်ချက်ရှိရှိ လုယက်ခံရတာလို့လည်း သိရပါတယ်။

ကျူးလွန်သူနဲ့ နစ်နာသူက ဖေ့စ်ဘုတ်သူငယ်ချင်းတွေပါ။ အပြင်မှာမတွေ့ဖူးတဲ့သူ အချင်းချင်းတွေ့ကြမယ်လို့ ချိန်းကြတယ်ပေါ့။ အဲ့မှာ ကျူးလွန်မှုကိုဦးဆောင်တဲ့ ဒေါ်နှင်းမူက အစကတည်းက ကိုအောင်သန်းဝင်း(နစ်နာသူ) ကို လူတွေလွှတ်ပြီး ဖမ်းချုပ်ခိုင်းဖို့ ရည်ရွယ်ထားပြီးသားလို့ သိရတယ်။ အစကတည်းက ကိုအောင်သန်းဝင်းမှာ ပိုက်ဆံရှိမှန်းသိပြီးသားထင်တယ်။ ဒါ့ကြောင့် အဲ့နေ့က ကိုအောင်သန်းဝင်းမှာ ပစ္စည်းတွေပါလာတော့ လုယက်မှုအသွင်ပြောင်းသွားတာပေါ့။ ခြိမ်းခြောက်ဖို့ ဓားရယ် ဂီယာဂေါက်ရယ် အဆင်သင့်ပါသွားတာကြောင့်လည်း ရည်ရွယ်ချက်ရှိရှိ လုယက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သုံ့ပန်းစစ်သား မောင်ကံကောင်းနဲ့ သားသားဆိုတဲ့ကောင်လေးကတော့ ဖြစ်စဥ်ကိုဂဃဏန မသိပရဘဲ လိုက်သွားခဲ့တာလို့ ထွက်ဆိုပါတယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။

လုယက်မှု ကျူးလွန်ခဲ့သူများ (ဓာတ်ပုံ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ)

သူကပဲ ဆက်လက်ပြီးကျနော်တို့ ဂန့်ဂေါတောင်ပိုင်းမှာ ဒီလိုဖြစ်စဥ်တွေဖြစ်တာ မူးယစ်ဆေးနဲ့လောင်းကစားဝိုင်းတွေကြောင့် ငွေကြေးအခက်အခဲဖြစ်ပြီး လုယက်တာလို့ သတင်းတွေထွက်တယ်။ တကယ်က ကျနော်တို့ဆီ လောင်းကစားဝိုင်းဆိုတာ အင်မတန်မှ ရှားပါးပါတယ်။ မူးယစ်ဆေးလည်း ဒီလိုပါပဲ။ လုံးဝ မရှိဘူးလို့ မငြင်းနိုင်ပေမယ့် အနည်းအကျဥ်းလောက်ပဲရှိတာပါ။ အဓိကက အသောက်အစားများပြီး မဖြစ်သင့်တာတွေဖြစ်ကြတာပါ။ အခုဖြစ်စဥ်မှာလည်း ကျုးလွန်သူအမျိုးသားတွေက အရက်အလွန်အကျွံ သောက်ထားကြပါတယ်လို့ ပြောပါတယ်။

လုယက်မှုကျူးလွန်ခဲ့သူတွေကို အောက်တိုဘာ ၁၃ရက် ညနေပိုင်းမှာ ဂန့်ဂေါတိုက်နယ် ပြည်သူ့ကာကွယ်ရေးရုံးအဖွဲ့၊ တိုက်နယ်တွင်းပကဖ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တာဝန်သိအရပ်သားပြည်သူတွေ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး တရားခံတွေနဲ့အတူ သက်သေခံပစ္စည်းတွေပါ သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

ရှေ့မှာ သူတို့ပြစ်မှုဟောင်းတွေကျူးလွန်ထားတာမရှိပါဘူး။ အခုမှစကျူးလွန်ကြတယ်လို့ ပြောလို့ရပါတယ်။ ဒီအတွက် သူတို့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးနိုင်ဖို့ရာ အစီအစဥ်ဆွဲနေပါတယ်။ လိုအပ်ချက်တွေစစ်ဆေးပြီးတာနဲ့ တရားစွဲတင်နိုင်ဖို့လုပ်ပြီး နောက်လူတွေမကျူးလွန်ရဲအောင် စံပြနမူနာဖြစ်အောင်လုပ်နေပါတယ်။ ဆင့်ကဲဆင့်ကဲသွားမှာပေါ့နော်။ အခုကနောက်ဆက်တွဲတွေရှိမလား လိုက်နေတုန်းပါ။ ကျနော့်တာဝန်ကျရာဘက်မှာ အမှုဖြစ်ပြီဆိုတာနဲ့ သတင်းရဲ့ကနဦးဖြစ်စဥ်တွေလိုက်တယ်။ တိကျတဲ့အချက်အလက်ယူတယ်ပေါ့။ သိုဝှက်လိုက်တယ်ပေါ့။ ဒါ့အပြင် ရဲဘော်တွေရယ် အနားတစ်ဝိုက်က ကျနော်တို့ကို ယုံကြည်တဲ့ပြည်သူတွေကြောင့်ပါ အချိန်မှီဖမ်းဆီးနိုင်ခဲ့တာပါ။လို့  ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က ပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါမြို့နယ်၊ တောင်ပိုင်း၊ မောလွယ်ရွာမှာ ဓားပြမှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေတာနဲ့ ပက်သက်လို့ အဆိုပါဖြစ်စဥ်ဟာ ဂန့်ဂေါနယ်မဟုတ်ဘဲ ထီးလယ်နယ်ထဲဖြစ်ပွားခဲ့ကြောင်းနဲ့ ဓားပြမှုဖြစ်စဉ်မဟုတ်ဘဲ တောလမ်းခရီး တစ်ယောက်တည်းသွားတဲ့သူကို တာဝန်ကျ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအရ စစ်ဆေးခဲ့ခြင်းသာဖြစ်ပြီး နားလည်မူလွဲကာ ဓားပြမှုလို့ သတင်းထွက်ပေါ်နေတာလို့လည်း ဦးကျော်ကျော်က ပြောပါတယ်။

သက်သေခံဆိုင်ကယ် (ဓာတ်ပုံ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ)
0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ အင်အားပြင်းငလျင်ကြောင့် ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက်အစောပိုင်းအထိ သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎၏ တနင်္သာရီတိုင်း တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ဦး အလင်းဝင်ဘက်ပြောင်းခိုလှုံ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။