ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) –၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်တွေနဲ့အတူ သေဆုံး နယ်ခြားစောင့်တပ်ဖွဲ့ဝင်အလောင်းတွေကိုပါ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပန်ဝါဒေသ လုတ်ပြေကျေးရွာအနီး စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို မနေ့က အောက်တိုဘာ ၁၄ရက် ညနေပိုင်းလောက်မှာ   KIA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။

ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာက  (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်(လုတ်ပြေ)ကို အောက်တိုဘာ ၁၄ ရက်မနက်ပိုင်းလောက်မှာ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ညနေ ၆နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီက ခံစစ်အတွက် နယ်ခြားစောင့်တပ်မကျစေဖို့ ပန်ဝါဒေသကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

KIA ဟာ အောက်တိုဘာလကစတင်ကာ ချီဖွေနဲ့ ဆော့လော်မြို့တွေကို သိမ်းပိုက် အပြီး ပန်ဝါဒေသကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကာ နယ်ခြားစောင့်တပ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (P23803) ရဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၂ ယောက် အပါအဝင် ရဲဘော်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်စမတ်ပွဲတော်ကို သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တပ်ရင်းဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ၂၃ နှစ်အရွယ် ကျဆုံးရဲဘော် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း၏ စျာပနအခမ်းအနား

အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းရဲ့ စျာပနအခမ်းအနားကို ပြည်သူတွေနဲ့ ကျန်ရစ်သူရဲဘော်ရဲ‌ဘက်တွေက မေလ( ၃၁) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံရပြီး ပြည်သူ့စစ် ဖြစ်လာသူ ၂ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မန္တလေးခရိုင် ထံ လက်နက်နှင့်တကွ အလင်းဝင်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်၂ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခိုလှုံလာကြောင်း မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပဲခူးတိုင်း ကျောက်ကြီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU အသိပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။