ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်းခရီးစဉ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေကိုယ်တိုင် လုံခြုံရေးမှာ ပူးပေါင်းပါဝင်ပြီး PDF တွေကို စောင့်ကြည့်ပေးဖို့ စိုးဝင်းရဲ့ ပြောကြားမှုကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ရပ်ကွက်နဲ့ ကျေးရွာအလိုက် စနစ်တကျဖွဲ့စည်းဖို့၊ ပြည်သူတွေ ပါဝင်လာအောင် စည်းရုံးဖို့နဲ့ ရပ်ကွက်၊ ကျေးရွာတွေထဲ PDF တွေ ဝင်မလာနိုင်အောင် စောင့်ကြည့်ရမယ်လို့ စိုးဝင်းက ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေစိုးမိုးမှုမရှိတော့တဲ့ စစ်ကောင်စီဟာ သူတို့ကိုထောက်ခံတဲ့ ကျေးရွာ(ပျူစောထီးရွာ)တွေမှာ လက်နက်တပ်ဆင်ပေးတာ အင်အားတိုးမြှင့်တာတွေ လုပ်ဆောင်ဖို့လည်း စိုးဝင်းက မှာကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့ပေါ်က ပြည်သူတွေကိုလည်း အတင်းအကြပ်စစ်မှုထမ်းစေပြီး လုံခြုံရေးမှာ အင်အားဖြည့်ဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်နက်ကိုင်ခုခံမှုတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီဟာ ရပ်ကွက်နဲ့ ကျေးရွာအဆင့်အထိ လက်နက်တပ်ဆင်မယ့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကို ဆက်တိုက်ဖွဲ့စည်းဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများစုမှာ PDF တွေက ထိန်းချုပ်နေရာယူထားပြီး မြို့ပေါ်ကနေရာတချို့မှာသာ စစ်ကောင်စီက အနည်းငယ်ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

တမူခုန်းရွာက ပြည်သူ့စစ်အဖွဲ့ဝင်တချို့ သေနတ် အလက် ၃၀ နဲ့အတူ KIA ထံ အလင်းဝင်

ပန်ဝါနဲ့ ကန်ပိုက်တီကြားမှာရှိတဲ့ တမူခုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံလုပ်နေတဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး သေနတ်အလက် (၃၀)နဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။