အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် () ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်တဲ့ Kyimyindaing Networks(KMD18) Mayangone Democratic Front(MDF) Owl Community နဲ့ Linn Yaung Ni Youth Organization (LYNYO)တို့ကကျွတ်မနေနဲ့ ကြုံးလူထုလှုံ့ဆော်မှု ကြွေးကြော်သံ စာသားချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

မလွတ်လပ်သေးသရွေ့ သီတင်းကျွတ်လည်းမရှိဘူး၊ ဘာပွဲတော်မှမရှိဘူး တိုက်ပွဲပဲရှိတယ်။ ဘာကိုမှ ကျွတ်ကျဲ မနေနဲ့ ကြောက်မနေနဲ့ လုပ်စရာရှိတာဆက်လုပ်ကြမယ်၊ ကြုံးကြမယ်။ တစ်ယောက်တည်းကျန်လည်း ကိုယ့်အရိပ်နဲ့ ကိုယ်လက်တွဲ ငါတို့ဆက်တိုက်မယ်၊ ငါတို့မှာ ငါတို့ရှိတယ်။ ငါတို့အိမ်ပြန်လမ်း ဘယ်သူမှ တားဆီးခွင့်မရှိဘူး။ ဘယ်နိုင်ငံမှ ဝင်ရောက်ခြယ်လှယ်ခွင့်မရှိဘူး။ ဘာမှကျွတ်မနေနဲ့ ကြုံးငါတို့ခေါင်းဆောင်တွေ လက်လွှတ်ရလည်း ဆက်တိုက်မှာပဲ။ ငါတို့ရဲဘော်တွေ လက်လွှတ်ရလည်း ဆက်တိုက်မှာပဲ။ စစ်သုံးစစ်မပြတ်သရွေ့ ငါတို့ တိုက်ကြမယ်။ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်အောင်ပွဲ ငါတို့နွှဲကြမယ်။ အရာရာဟာ ပြည် သူ့သဘောထားအတိုင်း ဖြစ်ရမယ်။ ပြည်သူသည်သာ အခရာ အရာရာကိုပြောင်းလဲနိုင်သည်။ ဒီခရီးနီးနေပြီ။ ကျွတ်မနေနဲ့ ကြုံးဆိုတဲ့ ကြွေးကြော်စာသားတွေနဲ့အတူ Mayangone Democratic Front က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ Mayangone Democratic Front)

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေ ဆက်တိုက် ရှင်းလင်းခံနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေကို ရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လုပ်ခဲ့တယ်လို့ Dragon Brothers (GBK-PDF) က ထုတ်ပြန်လာပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်း တောင်ရင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF ဝင်တိုက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က အရပ်သား ၃၀နီးပါးကို ဓားစားခံလုပ်ဖမ်းဆီးပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စခန်းချရာနေရာတွေ ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီက ပြည်သူအယောက် ၃၀နီးပါးကို လူသားဒိုင်းလုပ် ဖမ်းဆီးခဲ့ကြောင်း ရွှေဘိုခရိုင် ၊ အမှတ် ၁၈ တပ်ရင်း၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟားခါးမြို့တွင် စစ်တပ်အန္တရာယ်ကြောင့် CDF-Hakha ညမထွက်ရ အမိန့်ထုတ်

ချင်းပြည်နယ် မြို့တော် ဟားခါးမှာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အကြောင်းပြပြီး ညသန်းခေါင်ယံ အချိန်တွေပါမချန် အချိန်မရွေး လူနေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် Chinland Defense Force – Hakha က ပြည်သူတွေ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။