စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅ ရက်၊ မနေ့က မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ကျော်မင်းနိုင် ဆိုသူနဲ့ ပျူစောထီး ဝေဖြိုးအောင်တို့ကို KBU-တောလေးအဖွဲ့က  သတင်းအတိအကျရပြီး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒုတပ်ကြပ်ကျော်မင်းနိုင်ရဲ့ထွက်ဆိုချက်အရ ရည်စားဖြစ်သူနဲ့တွေ့ဆုံဖို့ ဇီးကုန်းမြို့ပေါ်ကိုရောက်ရှိနေရင်း ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

KBU-တောလေး အဖွဲ့ တာဝန်ရှိသူတွေရဲ့စစ်ဆေးချက်အရ အသက် ၄၅နှစ်အရွယ် ဒုတပ်ကြပ် ကျော်မင်းနိုင်ဟာ ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး ကြံစိုက်ပျိုးရေးတပ်မှာ လုပ်သက် ၂၅ နှစ်နီးပါးတာဝန်ကျခဲ့ပြီး အခုအခါမှာတော့ ချင်မြစ်ကျင်းရွာ ပျူအထိုင်စခန်းမှာ ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက်၂၇ နှစ်အရွယ် ပျူစောထီး ဝေဖြိုးအောင်ဟာ တန့်ဆည်နယ်၊ စံပယ်ဖြူကုန်းရိုး ဇာတိဖြစ်ပြီး ပျူစောထီးလုပ်သက် တစ်နှစ်ရှိပြီဖြစ်ကာ ချင်မြစ်ကျင်းပျူအထိုင်စခန်းမှာပဲ တာဝန်ကျနေသူလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ရက်၊ ညနေပိုင်းကလည်း ဇီးကုန်းမြို့ပေါ် အရက်ဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်၁ယောက်ကို KBU –တောလေးအဖွဲ့က သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

လက်ရှိမှာ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာမှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေအထိုင်ချတပ်စွဲထားတာကြောင့် ရွာခံအချို့နဲ့အနီးအနားကျေးရွာက ဒေသခံတွေ ရွာထဲမနေရဲဘဲ စစ်ဘေးရှောင်နေကြရတာ တစ်နှစ်ကျော်ရှိနေပြီလို့လည်း ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

 

(ဓာတ်ပုံ KBU-တောလေး)

0 Shares:
You May Also Like
Read More

ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ

ရခိုင်ပြည်နယ်စစ်မြေပြင်ကို ပို့ခံထားရတဲ့စစ်သားတွေဟာ အသေအပျောက်များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီကအတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်၊ မိုးမိတ်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရန် အနီးကပ် ကြီးကြပ်ကာ ဆက်လက်တိုက်ပွဲဝင်နေကြောင်း NUG အသိပေး

မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကို ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြည်သူနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။