ကချင်ပြည်နယ် ပန်ဝါမြို့ရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်နဲ့ ကာကင်းစခန်း ၄ ခုကို KIA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၁၄ ရက်နဲ့ အောက်တိုဘာ ၁၅ ရက် မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းစစ်သားအလောင်း၊စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ဟာ ပန်ဝါမြို့ကို ကာကွယ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်အတွက် အရေးပါတဲ့ စခန်းကြီးဖြစ်ပြီး စစ်ရေးအရလည်း အရေးပါတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်က  ချီဖွေမြို့နဲ့ စက်တင်ဘာ ၃၀ ရက်က ဆော့လော်မြို့တို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် ပန်ဝါ မြို့ရှိ စစ်ကောင်စီလက်အောက်ခံတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့က အရေးပါသည့် ကာကင်းစခန်းကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၁၆ ဦး ဖမ်းဆီးမိ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ အရေးပါတဲ့ ကာကင်းစခန်းတစ်ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၁၆ ယောက် ဖမ်းဆီးမိခဲ့တယ်လို့  ဒေသတွင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ၏ မိန့်ခွန်း

"တော်လှန်ရေးရဲ့ ဦးတည်ချက်ဖြစ်တဲ့ အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေဟာ ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို အာမခံပေးနိုင်မယ့် နိုင်ငံတော်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်”
Read More

မြိတ်ကနေ တနင်္သာရီဘက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြားကနေ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ၁၀၀၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ ထွက်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဝက်တိုးရွာကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

စစ်ကိုင်းမြို့ပေါ်ရှိ ပျူခေါင်းဆောင် နေလင်းနဲ့ အဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်မှ ပျူခေါင်းဆောင် နေလင်းခ(ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်း လာတဲ့ ယာဉ်ကို ဧပြီ ၂၀ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။