တအာင်းပြည် တပ်မဟာ () နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။

သီပေါမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း () အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ()လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ (၅၀၃)၊ ခမရ (၅၀၄)နဲ့  ခလရ (၂၃)တပ်စခန်း၊ရဲစခန်းအပါအဝင်အစိုးရဌာနဆိုင်ရာရုံးတွေအားလုံးကိုအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီး (၁၈၉၃) ကြိမ်၊ ရော့ကတ်ဒုံးကျည် ()ကြိမ်နဲ့ ဟောင်ဝှစ်ဇာ ()ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင် သီပေါမြို့ စစ်ကောင်စီတပ်က ထောက်ပို့ယာဉ် Y12 (၇၉)ကြိမ်၊ Y8 ()ကြိမ်၊ Mi17 ()ကြိမ်နဲ့ လက်နက်ခဲယမ်း (၄၄၀)ထုပ်ကိုလာရောက်ကြဲချခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကာလအတွင်းမှာ  စစ်ကောင်စီရဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM ()လက်၊ 81 MM ()လက်၊ RPG ()လက်၊ စက်လက် ()လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အမြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ အရပ်သားပြည်သူကို ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ယောက် သေဆုံးပြီး အယောက် (၈၀) ဒဏ်ရာရကာ စာသင်ကျောင်း ()ကျောင်း၊ လူနေအိမ် (၄၇)လုံးလေယာဉ်ဗုံးစထိမှန်မီးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အတင်းအဓမ္မခိုင်းစေမှုကြောင့် တာဝန်ထမ်းဆောင်နေကြရတဲ့ ရဲမေ (၇၈)ယောက်ကိုလည်းဖမ်းဆီးရမိခဲ့ပြီးတပ်မိသားစုဝင်တွေနဲ့အတူလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပြန်လည်လွှတ်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()အတွင်းမှာ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နဲ့  သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် တအာင်းတပ်မတော် PSLF/TNLA ကနေ အလုံးစုံ ထိန်းချုပ်ထားပြီးပြီ ဖြစ်ပါတယ်။

 

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းတွင် စစ်ဆေးရန် ရပ်မပေးသည့် စစ်အုပ်စု အိမ်စီးကားကို ပစ်ခတ်ရာ အဆောင်ယတြာနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စု မောင်းနှင်လာတဲ့ အိမ်စီးကားကို စစ်ဆေးဖို့ ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) တာဝန်ခံထံက သိရပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။
Read More

CDF – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်…

ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force - Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။