တစ်နိုင်ငံလုံးမှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးပျောက်ဆုံးရသူ စုစုပေါင်း ၅၂၀ ကျော်သွားပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့  ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားမှာ စိုးဝင်းက တစ်နိုင်ငံလုံးက သေဆုံးပျောက်ဆုံးသူအရေအတွက်ကို ထုတ်ဖော်ပြောကြားလိုက်တာပါ

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ အရှိန်နဲ့ စံချိန်တင် မိုးရွာသွန်းပြီး ရေကြီးခဲ့တာကြောင့် သေဆုံးပျောက်ဆုံးသူဦးရေက မြင့်တက်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တိရစ္ဆာန် ၂ သန်းကျော်သေဆုံးခဲ့သလို စပါးနဲ့ သီးနှံစိုက် ဧက ခုနစ်သိန်းကျော်လည်း ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံအလယ်ပိုင်းမှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အဆိုးဆုံးစံချိန်တင် ကြုံတွေ့ရတာဖြစ်ပြီး ရေဘေးသင့်သူတွေအတွက် ကူညီငွေလည်း မြန်မာငွေကျပ် ၅၂ ဘီလီယံကျော်အထိ ရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီကူညီငွေတွေကို အသက်ဆုံးရှုံးသူတွေအတွက် ဦးစားပေးထောက်ပံ့ခဲ့ပြီး ပျှမ်းမျှတစ်ဦးကို ငွေကျပ် ၁၀ သိန်း ထောက်ပံ့နိုင်ခဲ့တယ်လို့ စိုးဝင်းက ဆိုပါတယ်။

သဘာ၀ဘေးကြောင့် နိုင်ငံတကာက အကူအညီတွေလည်းရရှိခဲ့ပြီး စုစုပေါင်းရရှိခဲ့တဲ့ ပမာဏကိုတော့ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး။

သဘာ၀ဘေးသင့်တဲ့ ဒေသတွေမှာ စစ်ကောင်စီရဲ့ ပံ့ပိုးမှုထက် အရပ်ဘက်လူမှုကူညီရေး အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကသာ ထိရောက်ပြီး ပိုမိုများပြားတယ်လို့ ရေဘေးသင့်ပြည်သူတွေကလည်း ဆိုပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့သည့် မြန်မာပြည်ထိပ်တန်း လုပ်ငန်းရှင်များ အများစုပါဝင်သည့် အလှူငွေလက်ခံအခမ်းအနားမှာ တွေ့ရတဲ့ စကစခေါင်းဆောင် မင်းအောင်လှိုင်နှင့် အလှူငွေလှူဒါန်းနေသည့် မက်စ် ဦးဇော်ဇော် (ဓာတ်ပုံ SAC)
0 Shares:
You May Also Like
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မနက်ပိုင်း အလံတင်အလေးပြု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခရိုင်လှုပ်ရှားတပ်ရဲဘော်တွေ တစ်နေ့တာအစ မနက်ပိုင်းမှာ အလံတင်အလေးပြုတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ CNDF ဆို

အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။
Read More

မင်းကွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၇ ဦးခန့်သေဆုံးပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ ဒုတပ်မမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်တယ်လို့ အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။