အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ သိမ်းဆည်းရရှိခဲ့တဲ့ ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၅၂) ခွက်၊ ဘိန်းဖြူထုတ် (၁၂၈၅) ထုတ်နဲ့ ဘိန်းမဲ ၁၈ ထုတ် (တစ်ထုတ်လျှင် ၁ ပိဿာ ခန့်မှန်း) တို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးက ပြည်သူ့တော်လှန်ရေး ရဲဘော်တွေကို ကူညီ စောင့်ရှောက်ပေးတဲ့ ရပ်မိရပ်ဖတွေကို အထူးကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖမ်းဆည်းရမိထားတဲ့ စစ်သုံ့ပန်းတွေကို မေးမြန်းရာမှာ မူးယစ်ဆေးဝါး သုံးစွဲထားပြီး မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက်နိုင်တာကို ဝန်ခံကြသလို စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးတွေ ကိုယ်တိုင်သုံးစွဲရုံသာမက အခု သိမ်းဆည်းရမိတဲ့ပမာဏကို ကြည့်ရရင် သူတို့ကိုယ်တိုင် ရောင်းဝယ် ဖောက်ကားဖြန့်ချီနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သိမ်းပိုက်ရရှိ ထားတဲ့ မြို့၊ ရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေးဟာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်သလို တစ်နည်းအားဖြင့် ပြည်သူကို အလုပ်အကျွေးပြုဖို့ ဖြစ်တယ်လို့ ဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

ဒါ့အပြင် တာဝန်ပေးထားတဲ့ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေရဲ့ မဟုတ် မမှန်တဲ့ လုပ်ဆောင်ခြင်းတွေကိုလည်း တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

အကြမ်းဖက် စစ်တပ် အကြိမ်ကြိမ် အာဏာသိမ်းမှုကြောင့် ပြည်သူတွေနဲ့ လူငယ်တွေရဲ့ ဘဝတွေ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ပြီး တိုင်းပြည်ဟာလည်း ဘယ်နိုင်ငံနဲ့မှ မယှဥ်နိုင်ပဲ မျက်နှာငယ်ခဲ့ရသလို ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ အကြွင်းမဲ့ စစ်အာဏာလွှမ်းမိုးရေး ရည်ရွယ်ကြောင်း ထင်ရှားတဲ့အတွက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို မဖြစ်မနေ ဆင်နွှဲခဲ့ရသလို ခုခံတွန်းလှန်မှု မပြုလုပ်ရင် နိုင်ငံအနာဂါတ်ပျောက်မှာဖြစ်တဲ့အတွက် ခေတ်သမိုင်း တာဝန်ပေးချက်အရ လက်နက်နဲ့ အကြမ်းဖက်နေသူကို လက်နက်နဲ့ တွန်းလှန်တိုက်ဖျက်မှ ရမယ်လို့ သန္နိဋ္ဌာန် ချမှတ်ကာ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူတွေ လက်တွဲညီညီ တိုက်ဖျက်သွားဖို့ လိုအပ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ MOD – NUG)

0 Shares:
You May Also Like
Read More

ဂွမြို့နယ် ကြွေချိုင်မှာရှိတဲ့ စစ်တပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ် ဂွမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကြွေချိုင်တပ်စခန်းကို အရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတချို့ကို AA က ကယ်ထုတ်နေကြောင်း သိရပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ 

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

တောင်ကုတ်မြို့ပေါ်အထိ AA သိမ်းပိုက်ထိန်းချုပ်ရောက်ရှိလာ ၊ လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။