ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အောက်တိုဘာ (၁၃) ရက် မနက်ပိုင်းက အုန်းပင်စုကျေးရွာမှာ အခြေစိုက်နေထိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက သေဂေလူ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့သလို ညပိုင်းအချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကုန်းချောင်း၀ကနေ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ သေဂေလူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျေးရွာနေ (၇၁)နှစ်အရွယ် အမျိုးသား ထိခိုက်ဒဏ်ရာရရှိပြီးနောက် (၁၄) ရက် မနက်ပိုင်းမှာလည်း အဲ့ဒီစစ်ကောင်စီတပ်ရင်းက လက်နက်ကြီး () လုံးကို ထပ်မံပစ်ခတ်ခဲ့ရာ ကျွန်းကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း အောက်တိုဘာ (၁၂) ရက် နေ့လည်ပိုင်းအချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက စဉ်းအိုးခင်ကနေ ၆၁ မမ ()လုံး ပစ်ခတ်ခဲ့ရာ သဲဖြူရွာဟောင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ အသက်(၅၆)နှစ်အရွယ် အမျိုးသား လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၁၁) ရက် ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကုန်းချောင်း၀ ကနေ ၈၁ မမ () လုံး ပစ်ခတ်ခဲ့ရာ ဒေါင်းမို့ကျေးရွာ အပြင်ဘက် ကျရောက်ပေါက်ကွဲပြီး နေ့လည်ပိုင်းနဲ့ ညပိုင်းမှာလည်း ခလရ၂၆၄ တပ်ရင်းကနေ ၁၂၀ မမ နဲ့ ၁၂၂ မမ စုစုပေါင်း ()လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာ၊ လက်ခကျေးရွာနဲ့ ထိုးဝါးစိုက် ကျေးရွာအကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရွှေကျင်မြို့နယ်အတွင်းမှာလည်း အောက်တိုဘာ (၁၁) ရက် မနက်ပိုင်းမှာ ခမရ၂၀၊ ခမရ၃၄၉၊ ခမရ၃၅၀၊ ခလရ၅၇ ပူးပေါင်းတပ်တွေက ရှမ်းရွာကနေပြီး (၈၁) မမ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ သားအမိ () ယောက် လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ မှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ချင်းတော်လှန်ရေးအင်အားစုတွေ အချင်ချင်း သဘောထား မတိုက်ဆိုင်ရင် လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုဖို့ သဘောတူညီမှုရရှိ

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။