မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၃ရက်၊ ညနေပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းမှာ ယာဥ်လမ်းကြောစစ်ဆေးနေတဲ့ ယာဥ်ထိန်းဒုရဲအုပ် ဖူးပွင့်ဇော်ကို ဆိုင်ကယ်စီးနင်းလာသူ ၂ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်ပါတယ်။

ပြည်ကြီးတံခွန် ၊ စရပ်ကွက်၊ ၆၂လမ်း ၁၂၄လမ်း ၁၂၅လမ်း ကြားမှာ ညနေ ၄နာရီလောက်က ဗျိုင်းဖြူမတစ်ကောင် ပစ်ခတ်ခံရပါတယ်။ ချက်ချင်းမသေဘဲ ညာဖက်ရင်အုပ်ကို ထိမှန်ပြီး ခဏအကြာမှာပဲ လူနာတင်ကားတွေနဲ့ စခတွေ ရောက်လာပါတယ်။  လမ်းသွားလမ်းလာပြည်သူတွေကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေလုပ်ခဲ့ပါတယလို့ Voice Of Mandalay အဖွဲ့ကလည်းပြောပါတယ်။

အောက်တိုဘာ ၁၃ရက်၊ ညနေပိုင်းက မန္တလေးမြို့မှာ ပစ်ခတ်ခံရသည့် ယာဥ်ထိန်းဒုရဲအုပ် ဖူးပွင့်ဇော်ကို ဒဏ်ရာဖြင့် တွေ့ရစဉ် (ဓာတ်ပုံ Mandalay Free Press)

ပစ်ခတ်ခံရတဲ့ ယာဥ်ထိန်းရဲမေကို အမှတ် ၁ စစ်မြေပြင် ဆေးတပ်ရင်းက ICU အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်ကုသပေးခဲ့ပေမယ့် မနေ့က (အောက်တိုဘာ ၁၄ရက်) ညပိုင်းမှာတော့ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲသေဆုံးသွားတာဖြစ်ပါတယ်။

ဖူးပွင့်ဇော်မှာ မသေဆုံးခင်အချိန်က မန္တလေးမြို့မှာ ငွေညှစ်ကြမ်းတဲ့ ယာဥ်ထိန်းရဲမေ၁ယောက်ဖြစ်ကြောင်း ဒေသခံတွေက ဆိုကြပြီး ဒီပစ်ခတ်ရှင်းလင်းမှုကိုဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိကြသေးပါဘူး။

ယာဥ်ထိန်းရဲမေ သေဆုံးမှုနဲ့ပက်သက်လို့ မန္တလေးမြို့ခံ ၁ယောက်ကလည်းမန္တလေးမှာ လမ်းတိုင်းရောက်ပြီး ဓားပြတိုက်ငွေတောင်းကြမ်းနေတဲ့ တစ်ယောက်တော့လစ်သွားပြီ။ ကား၊ စက်ဘီး၊ ဆိုင်ကယ်မပေးရတာမရှိခဲ့ဘူး။လို့လည်း သူ့အမြင်ကိုပြောခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၁၁ရက်နေ့ကလည်း ပွင့်ဖြူမြို့အဝင်မှာ လာသမျှကားတိုင်းဆီက ငွေတောင်းနေတဲ့ ယာဥ်ထိန်းရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဥ်ထိန်းရဲမေ ဖက်တီးမ () သဲသဲမွန် ဆိုသူ ထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေပြည်တော်စစ်ဆေးရုံမှာတက်ရောက်ကုသနေရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်
Read More

စစ်အုပ်စု၏ ဆိပ်ညံရေတင်ရုံး ခေါ် ရေကြောင်းစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး အကြမ်းဖက်စစ်သား ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖားကန့် နွံကန်ပြိုကျမှုကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးသူ ၃၂ ယောက်အထိ ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ် မတတ်သာဘဲ လက်လွှတ်ခဲ့ရမှုအတွက် အနူးအညွှတ်တောင်းပန်ကြောင်း ဗိုလ်ချုပ် တာဘုန်းကျော် ပြောကြား

နွေဦးတော်လှန်ရေးအတွင်း အကောင်းဆုံးပေးဆပ်ခဲ့ပေမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ အကြမ်းဖက်စစ်တပ်ထံ ပြန်ပေးလိုက်ရတဲ့အတွက် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း တအာင်းတပ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

ကပစ စက်ရုံများဆီ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဂျိုင်ရိုကော်ပတာများကိုလည်း ပစ်ချနိုင်ရန် ကြိုးစားနေကြောင်း မြိုင်ပကဖ ပြော

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာ​ယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။