တအာင်းပြည် တပ်မဟာ () နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။

သီပေါမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း () အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ()လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ (၅၀၃)၊ ခမရ (၅၀၄)နဲ့  ခလရ (၂၃)တပ်စခန်း၊ရဲစခန်းအပါအဝင်အစိုးရဌာနဆိုင်ရာရုံးတွေအားလုံးကိုအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီး (၁၈၉၃) ကြိမ်၊ ရော့ကတ်ဒုံးကျည် ()ကြိမ်နဲ့ ဟောင်ဝှစ်ဇာ ()ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင် သီပေါမြို့ စစ်ကောင်စီတပ်က ထောက်ပို့ယာဉ် Y12 (၇၉)ကြိမ်၊ Y8 ()ကြိမ်၊ Mi17 ()ကြိမ်နဲ့ လက်နက်ခဲယမ်း (၄၄၀)ထုပ်ကိုလာရောက်ကြဲချခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကာလအတွင်းမှာ  စစ်ကောင်စီရဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM ()လက်၊ 81 MM ()လက်၊ RPG ()လက်၊ စက်လက် ()လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အမြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ အရပ်သားပြည်သူကို ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ယောက် သေဆုံးပြီး အယောက် (၈၀) ဒဏ်ရာရကာ စာသင်ကျောင်း ()ကျောင်း၊ လူနေအိမ် (၄၇)လုံးလေယာဉ်ဗုံးစထိမှန်မီးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အတင်းအဓမ္မခိုင်းစေမှုကြောင့် တာဝန်ထမ်းဆောင်နေကြရတဲ့ ရဲမေ (၇၈)ယောက်ကိုလည်းဖမ်းဆီးရမိခဲ့ပြီးတပ်မိသားစုဝင်တွေနဲ့အတူလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပြန်လည်လွှတ်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()အတွင်းမှာ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နဲ့  သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် တအာင်းတပ်မတော် PSLF/TNLA ကနေ အလုံးစုံ ထိန်းချုပ်ထားပြီးပြီ ဖြစ်ပါတယ်။

 

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး(URF) မှ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရသည့် ရဲဘော်များအတွက် စိတ်ခွန်အားကူညီစောင့်ရှောက်မှုသင်တန်း ပြုလုပ်

မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front - URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ဒီဇင်ဘာလ (၅)ရက်ကနေ (၈)ရက်အထိ (၄) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းတွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ကျဥ်း ၁၃ဦး ထွက်ပြေးလွတ်မြောက်၊ လွတ်မြောက်လာသူများအနက် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူ မိုင်းနင်းမိပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၂) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။