ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ () ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်()စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ်၊ သာယာကုန်းကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်တောင်းမြစ်အရှေ့ဘက်ဒေသရှိ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ အောက်တိုဘာလ (၁၁) ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ () ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထန်းတစ်ပင်မြို့နယ်၊ ဆင်ဖြူတောင်မှာ စစ်ကောင်စီတပ်နဲ့ (PDF) ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ စစ်ဘေးရှောင်စခန်းက အပြစ်မဲ့ပြည်သူ () ယောက်ကို အကြမ်း‌ဖက်စစ်ကောင်စီက အကြောင်းမဲ့ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး အမှတ်() စစ်ဒေသခွဲမှာ စက်တင်ဘာလ တစ်လတာအတွင်း အရပ်သားပြည်သူ (၂၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ () ယောက် သေဆုံးခဲ့တယ်လို့ အမှတ်()စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်​သေးဘဲ အခက်တွေ့နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA (9425) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA- 9425 တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် မနေ့က ဒီမောဆိုးမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

လက်ပန်လှလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ အားလုံး အရေးယူနိုင်အောင် လုပ်ဆောင်မည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ငဖဲ- စေတုတ္တရာ လမ်းပိုင်းက အရပ်သားကားများ တိုက်ခိုက်ခံရမှု တော်လှန်ရေးတပ်များ လုပ်ဆောင်တာမဟုတ်ကြောင်း စေတုတ္တရာ ပကဖ ထုတ်ပြန်…

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ငဖဲ-စေတုတ္တရာလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ ပက်သက်ပြီး စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမှာ သန်းခေါင်စာရင်းကောက်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ပေးတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲခံရပြီး ၈ ယောက်သေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။