ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

ပန်ဝါဒေသ လောက်ပြေကျေးရွာအနီး စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့  အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို မနေ့က အောက်တိုဘာ ၁၄ရက် ညနေပိုင်းလောက်မှာ   KIA က တိုက်ခိုက် သိမ်းပိုက်လိုက်တာပါ။

ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာက  (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ် (လုတ်ပြေ) အား မနေ့က အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းလောက်မှာ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ညနေ ၆နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့တယ်လို့လည်း ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။

စစ်ကောင်စီက ခံစစ်အတွက် နယ်ခြားစောင့်တပ်မကျစေဖို့ ပန်ဝါဒေသကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

KIA ဘက်ကတော့ စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

KIA ဟာ အောက်တိုဘာလမှစတင်ကာ ချီဖွေနှင့် ဆော့လော်မြို့များကို သိမ်းပိုက်အပြီး ပန်ဝါဒေသကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ပန်ဝါမြို့၏ မြင်ကွင်းတစ်ခု (ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

မြန်မာ့ငလျင် ထိခိုက်ပျက်စီးမှု အခြေအနေ နိုင်ငံတကာ သတင်းဌာနများ လာရောက်သတင်းယူခြင်း စစ်ကောင်စီ ခွင့်မပြု

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ မြေငလျင်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို နိုင်ငံတကာ သတင်းထောက်တွေ သတင်းရယူနိုင်ရေး တောင်းဆိုနေတာကို အကြမ်းဖက်စစ်ကောင်စီက ခွင့်မပြုနိုင်ကြောင်း မတ်လ ၃၀ ရက်က ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဂန့်ဂေါတွင် စစ်အုပ်စု၏ အတုယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့်သူ ၃ ဦး အမည်စာရင်းပေါ်ထွက်လာ၊ လုံခြုံရေးအာမခံချက်မရှိဟု ဆို…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် စစ်တပ်ဆက်နွယ်သူတွေရဲ့စာရင်းကို ရရှိထားရာ စစ်အုပ်စုဘက်ကို ရပ်တည်မှုနဲ့ ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်းက တစ်မြို့နယ်တည်းမှာ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်သွားဖို့ရှိနေရာ ဂန့်ဂေါမြို့နယ်မှာ လွှတ်တော် ၃ ရပ်အတွက် အမတ် ၅ ယောက်ဝင်အရွေးခံဖို့ ရှိနေပြီး လက်ရှိအချိန်အထိ ၃ ယောက်ရဲ့အကြောင်းကိုသာ သိရှိရသေးကြောင်း သိရပါတယ်။ လက်ရှိမှာလည်း တိုင်းဒလွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက​နေ ဝင်ရောက်အရွေးချယ်ခံမယ့် ဦးဇော်ထွန်းဦးဟာလည်း ပြိုင်မယ့်သူမရှိတာကြောင့်ကြိုတင်အရွေးခံထားရပြီးဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်ပြီး ပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။