ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို အာရက္ခဒေသ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပေးခဲ့တယ်လို့  အာရက္ခတပ်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၁၆ ယောက်ကို အောက်တိုဘာ ၄ ရက်က အမည်မသိလက်နက်ကိုင် အင်အား ၆၀ ခန့်က ဘင်္ဂလားပင်လယ်အော်အတွင်း ဓားပြတိုက်ခဲ့ပြီး မော်တော်ဘုတ်ဝမ်းဗိုက်အတွင်း အစားအစာနဲ့ ရေ မပေးဘဲ ၂ ရက်ခန့် ပိတ်လှောင်ထားခဲ့ကာ အောက်တိုဘာ ၇ ရက်က မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ ကမ်းတင်ဖို့ လုပ်ဆောင်နေချိန် အာရက္ခကမ်းစောင့်တပ်က တွေ့ရှိပြီး ကယ်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ်ခဲ့တဲ့ ရုပ်သံဖိုင် Dragon Brothers Task Force ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ရှိ ပြည်သူတွေကို ကယ်ထုတ် ခဲ့တဲ့ ရုပ်သံဖိုင်ကို Dragon Brothers Task Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ‌တောပုပျူစခန်းမှ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force - MPDF ထံက သိရပါတယ်။
Read More

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်‌ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။
Read More

လောင်းလုံးမြို့နယ် မြို့မရဲစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ Dawei District People’s Defence Frontier က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်၏ အပတ်စဉ် (၆) အခြေခံစစ်သင်တန်း လေ့ကျင့်မှုများ (ရုပ်/သံ)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေမှု မှတ်တမ်းရုပ်သံကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။