တအာင်းပြည် တပ်မဟာ () နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။

သီပေါမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း () အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ()လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ (၅၀၃)၊ ခမရ (၅၀၄)နဲ့  ခလရ (၂၃)တပ်စခန်း၊ရဲစခန်းအပါအဝင်အစိုးရဌာနဆိုင်ရာရုံးတွေအားလုံးကိုအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီး (၁၈၉၃) ကြိမ်၊ ရော့ကတ်ဒုံးကျည် ()ကြိမ်နဲ့ ဟောင်ဝှစ်ဇာ ()ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင် သီပေါမြို့ စစ်ကောင်စီတပ်က ထောက်ပို့ယာဉ် Y12 (၇၉)ကြိမ်၊ Y8 ()ကြိမ်၊ Mi17 ()ကြိမ်နဲ့ လက်နက်ခဲယမ်း (၄၄၀)ထုပ်ကိုလာရောက်ကြဲချခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကာလအတွင်းမှာ  စစ်ကောင်စီရဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM ()လက်၊ 81 MM ()လက်၊ RPG ()လက်၊ စက်လက် ()လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အမြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ အရပ်သားပြည်သူကို ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ယောက် သေဆုံးပြီး အယောက် (၈၀) ဒဏ်ရာရကာ စာသင်ကျောင်း ()ကျောင်း၊ လူနေအိမ် (၄၇)လုံးလေယာဉ်ဗုံးစထိမှန်မီးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အတင်းအဓမ္မခိုင်းစေမှုကြောင့် တာဝန်ထမ်းဆောင်နေကြရတဲ့ ရဲမေ (၇၈)ယောက်ကိုလည်းဖမ်းဆီးရမိခဲ့ပြီးတပ်မိသားစုဝင်တွေနဲ့အတူလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပြန်လည်လွှတ်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()အတွင်းမှာ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နဲ့  သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် တအာင်းတပ်မတော် PSLF/TNLA ကနေ အလုံးစုံ ထိန်းချုပ်ထားပြီးပြီ ဖြစ်ပါတယ်။

 

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

စစ်မှုထမ်းအကြောင်းပြ ငွေကောက်ကာ စစ်သားတွေနဲ့ ခွဲဝေယူနေတဲ့ အုပ်ချုပ်‌ရေးမှူး ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို မြို့နယ် ပကဖ က စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံကာ ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ဒုဗိုလ်မှူးအဆင့်နှင့် ၃ ပွင့်ဗိုလ်အပါ စစ်သားအများအပြား သေပြီး ၂ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်စခန်း ဗျူဟာကုန်း တိုက်ပွဲများမှ ပြေးလာသည့် စစ်ကော်မရှင်တပ်သား ၂၆ ဦးကို CDF-Asho ဖမ်းမိခဲ့ပြီး နယ်မြေရှင်းလင်းချိန် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

တရုတ်-မြန်မာ နယ်စပ်မှာ မူဝါဒအမျိုးမျိုးတွေကြား မြန်မာကုန်သည်တွေ ပိတ်မိနေ

မူဆယ်-ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်လိုက်လို့  မြန်မာကုန်သည်အများစု အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။