မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ဈေးကြိုပွဲရုံတန်း တစ်ခုလုံးကို ပိတ်ကာစစ်ဆေးခဲ့ပြီးနောက် ပွဲရုံတချို့ကို ချိတ်ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့နေ့ကဆို ပွဲရုံတန်းတစ်ခုလုံးကို အကုန်ပိတ်ထားတာ။ လူတွေရော၊ ကားတွေရော ပေးမဝင်ဘူး။ အထဲက လူတွေလည်း ပေးမထွက်ဘူး။ သူတို့ကတော့ ထိုင်းက သွင်းတဲ့ ပစ္စည်းတွေ အခွန်မဆောင်တာတွေကို လာစစ်ဆေးတယ် ပြောတာပဲ။ အဲ့နေ့ပြီးတော့ ဒီနေ့ထိကို တချို့ဆိုင်တွေ ပြန်မဖွင့်ရဲကြသေးဘူးလို့ မော်လမြိုင်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးစဉ်မှာ ပွဲရုံတန်းက လမ်းတိုင်း၊ လမ်းတိုင်းစီကို စစ်သား ၃၊ ၄ ယောက်လောက်နဲ့ ပိတ်ကာ စစ်ဆေးအရေးယူခဲ့ပြီး တရားမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကုန်ပစ္စည်းတွေကိုလည်း ကုန်တင်ကား ၂ စီးစာ တင်ဆောင်ကာ အကောက်ခွန်ရုံးကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာအကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေတာကို တိုက်ဖျက်တားဆီးဖို့၊ လမ်းကြောင်းတွေကို စောင့်ကြည့်ဖမ်းဆီးရမယ့်အပြင် ဂိုဒေါင်တွေနဲ့ သိုလှောင်ရုံတွေကိုလည်း လိုက်လံစစ်ဆေးဖမ်းဆီးဖို့၊ စျေးကွက်တွေအတွင်းထိပါ ကွင်းဆင်းပြီး ဖမ်းဆီးစစ်ဆေး အရေးယူဖို့ စတဲ့ အချက်တွေကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်ဈေးကြိုပွဲရုံတန်းကို အခုလို မကြာခဏ ဝင်ရောက်စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် အရင်တုန်းကတော့ စားသုံးဆီလောက်ကိုသာ စစ်ဆေးတာ ဖြစ်ပြီး အခုလို လူသုံးကုန်ပစ္စည်းတွေကိုပါ ဖမ်းဆီးစစ်ဆေးတာကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၂) ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်၏ ကြားဝင်မှုဖြင့် မိုးကုတ်နှင့် မိုးမိတ်မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်

တအာင်းတပ်မတော် TNLA က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ကာ သူတို့ထိန်းချုပ်ရာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့နယ်တွင် SSPP နှင့် MNDAA တိုက်ပွဲဖြစ်ပွား၊ MNDAA တပ်သား ၈ ဦး ကျဆုံးဟု SSPP ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စုအနီး နားလိုင်ရွာအထွက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDJP/MNDAA)တို့ နှစ်ဖက်တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။