မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို အောက်တိုဘာ ၁၃ ရက် မနေ့ညနေပိုင်းက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force အဖွဲ့ထံက သိရပါတယ်။

ရဲစခန်းအတွင်း လက်နက်ကြီး ၃ လုံးနဲ့ ထွေအုပ်ရုံးကို ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နယ်မြေ အခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတွေရဲ့ ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

နေရာအနှံ့အပြား တိုက်ပွဲတွေ အရှိန်မြင့်တက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးအောင်မြင်တဲ့အထိ ကြိုးစားဆောင်ရွက်သွားမယ်လို့ Wundwin Township Revolution Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်ရောက်ပစ်ခတ်မှု စစ်သား ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို မတ်လ ၁၇ ရက် မနေ့ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ပြောက်ကျားဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရပါတယ်။
Read More

မြေတူးယာဉ်ကို အကာအကွယ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဆည်ကန်ရွာ အနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ စစ်သားတွေကို လက်လုပ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျောက်ဆည်ကန်ရွာအနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လက်လုပ် ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးနဲ့ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ယောက်သေ (ရုပ်/သံ)

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၁၉ မှာ မတ်လ ၁၉ ရက် မနေ့နံနက်ပိုင်းက ရဲကား ၁စီး၊ အိမ် စီးကား ၂ စီးနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက် ခဲ့ရာ ၅ ဘောက်သေခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။