မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက်လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက စလို့ ကန်နီပျူစောထီးရွာကို ဒရုန်းသုံးပြီး Drop ဗုံးသီးတွေ ကြဲချခဲ့ရာ မွန်းလွဲပိုင်းမှာတော့ ကန်နီရွာမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားက လက်နက်နဲ့ အလင်းဝင်လာတာပါ။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ ၂၅၂ တပ်ရင်းက ဖြစ်ပြီး MA -3 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ၅.၅၆ ကျည် ၂၂၈ တောင့်တို့နဲ့အတူ မြောက်ပိုင်းဇုန် မြိုင်ပကဖ ဆီ ချိတ်ဆက်အလင်းဝင်လာတယ်လို့ သိရပါတယ်။

အဲဒီ အလင်းဝင်တပ်သားကို မြိုင်မြို့နယ် ပကဖ ထံသို့ လွှဲပြောင်း ပေးခဲ့ပြီး ကန်နီရွာ စစ်ဆင်ရေးကိုတော့ MPL မြောက်ပိုင်းဇုန် မြိုင် ပကဖ၊ မြိုင် ပကဖ စုဖွဲ့မှုတပ်ရင်း () တပ်ခွဲ () ၊ မြိုင် ပကဖ တပ်ရင်း  () တပ်ခွဲ() တပ်ခွဲ () ၊မြေလတ်ဒေသ ပြောက်ကျား တပ်ဖွဲ့၊ ပခုက္ကူ ခရိုင်တပ်ရင်း (၁၇) Federal Star Done Force ၊ ဗမာ့ဒေါင်း ဒရုန်း တပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ မြိုင် ပကဖ)
0 Shares:
You May Also Like
Read More

ဖြူးမှာ စစ်တောင်းမြစ်ကမ်းဘေးက ရေးဘေးသင့် ပြည်သူတွေကို မြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ကျေးရွာတွေကို အလှူရှင်တွေရဲ့ ကိုယ်စား ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက ဒီနေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ကနေ အမာခံသတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်နေ

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

PDF တွေရဲ့ မြေမြှုပ်မိုင်းရှိတဲ့ သဲပုံပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ စစ်သားတွေ မိုင်းခွဲခံရပြီး အရာရှိတစ်ယောက်အပါ ၉ယောက် သေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။
Read More

မန္တလေး ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခိုက်မှုများ ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ဓားပြတွေကြား ပစ်ခတ်မှုဖြစ်ပွားကာ လူထိခိုက်မှုတွေရှိခဲ့ကြောင်း Voice Of Mandalay နဲ့ ဒေသခံတွေဆီက သိရပါတယ်။