ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

TNLA ဟာ၂ လ နီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့မှာ သီပေါမြို့က နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၃ တပ်ကတပ်သားတွေ လက်နက်ချအညံ့ခံခဲ့တာကြောင့် အခုဆိုရင် စစ်တပ်လုံးဝကင်းစင်တဲ့မြို့အဖြစ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဟုတ်ပါတယ်။ မြို့သိမ်းလိုက်တာ အမှန်ပါပဲ။ စအခ ၇ ရဲ့ စအခမှူး ဗိုလ်မှူးကြီး နိုင်နိုင်ဦး ဦးဆောင်တဲ့ တပ်တွေ တအာင်းတပ်တော်ထံမှာ လက်နက်ချပြီးတော့ ဆုတ်ခွာထွက်ပြေးသွားတာ ဖြစ်ပါတယ်။ လက်ရှိတော့ သီပေါမှာ စကစ ကင်းစင်သွားပြီးတော့ ဆုတ်ခွာအဖွဲ့တွေကလည်း မိုင်းရယ်မှာ ရောက်နေပြီလို့ သိရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယောင်ကမောင်းကိုပြောပါတယ်။

အဲဒီတိုက်ပွဲကနေ ခလရ ၂၃ က စစ်သားနဲ့ မိသားစုတွေအပါအဝင် စစ်သုံ့ပန်း ၁၀၀ လောက်လည်း ဖမ်းဆီးရမိကာ လက်နက်မြောက်များစွာလည်းသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကလည်း အဖက်ဖက် ဖိအားတွေကြားထဲက ရှမ်းမြောက်‌ဒေသကမြို့တွေကို တစ်မြို့ပြီး တစ်မြို့သိမ်းပိုက်လာခဲ့တာဖြစ်ခဲ့ပဲ ဖြစ်ပါတယ်။

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီးမြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေကတော့ ဆက်ပြီးတော့ တိုက်စစ်မဆင်နိုင်ရင် သိမ်းပြီးသားမြို့တွေကို ပြန်ပြီး ပေးလိုက်ရမှာ ဖြစ်ပါတယ်။ သိမ်းပြီးသားမြို့တွေ ဖြစ်တဲ့ မိုင်းရယ်၊ တန့်ယန်း၊  နန့်လမ်၊ တောင်ခမ်းစတဲ့ စစ်မျက်နှာတွေရတဲ့အထိ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး အရတိုက်သွားရမယ်လို့ မြင်ပါတယ်။ ဘာလို့ဆို မဟာမိတ်တွေ မတိုက်ရင် စစ်တပ်က တိုက်မှာပါ။ စစ်တပ်က မတိုက်ခင် အောင်မြေချဲ့သွားမှ သိမ်းပိုက်ပြီးသား နယ်မြေတွေက အဓွန့်ရှည်မှာ ဖြစ်ပါတယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီက သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက် ရှိနေတယ်လို့လည်း သိရပါတယ်။

ဩဂုတ် ၁၅ ရက်နေ့က သီပေါမြို့လမ်းပေါ်မှာ ကင်းလှည့်နေကြသည့် TNLA ရဲဘော်များ (ဓာတ်ပုံ TNLA)
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝါရင့်နိုင်ငံရေးသမား၊ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း ​ဒေါက်တာ​နေဝင်း ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေကတစ်ဆင့် သိရပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မွန်လူငယ်တွေ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်

စစ်အာဏာရှင်ကို အမျိုးသားဘုံရန်သူအဖြစ်သတ်မှတ်ပြီး စစ်အာဏာရှင်တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ မွန်လူငယ်တွေကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) က ဖိတ်ခေါ်လိုက်ပါတယ်။