မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို အောက်တိုဘာ ၁၃ ရက် မနေ့ညနေပိုင်းက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force အဖွဲ့ထံက သိရပါတယ်။

ရဲစခန်းအတွင်း လက်နက်ကြီး ၃ လုံးနဲ့ ထွေအုပ်ရုံးကို ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နယ်မြေ အခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတွေရဲ့ ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

နေရာအနှံ့အပြား တိုက်ပွဲတွေ အရှိန်မြင့်တက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးအောင်မြင်တဲ့အထိ ကြိုးစားဆောင်ရွက်သွားမယ်လို့ Wundwin Township Revolution Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မပေါက်ကွဲသေးသည့် ဗုံးသီးများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အသုံးပြုခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ T5 Wings အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ အနီးကပ်ချုံခိုတိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ ၅ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇) ၅၀၀ ရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေ အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

ဗန်းမော် K.PDF ရဲ့ စခန်းသိမ်းတိုက်ပွဲမှတ်တမ်းကို ထုတ်ပြန် (ရုပ်/သံ)

ဗန်းမော် K.PDF ရဲဘော်များ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတစ်ခုရဲ့ ရုပ်သံမှတ်တမ်းကို  ဗန်းမော် PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ကရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုအမြင် (ရုပ်/သံ)

ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအပေါ် မြန်မာပြည်သူလူထုရဲ့ သဘောထားအမြင်ကို Yangon Revolution Force - YRF က ထုတ်ပြန်ထားပါတယ်။