မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး () (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး () (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

YPDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး () (AGS -1)တို့က ဌာနမှူးတွေ၊ အရပ်ဘက်အကြံပေးအဖွဲ့ဝင်တွေနဲ့အတူ အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်မှာ ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တာပါ။

ရှေ့တန်းနယ်မြေဖြစ်တဲ့အတွက် လုံခြုံရေး မပေါ့ဆကြဖို့ အရေးကြီးတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ ရဲဘော်တွေရဲ့ အသက်က ရှေ့တန်းက ရဲဘော်တွေအပေါ် မူတည်နေတယ်။ ဒါကြောင့် လုံခြုံရေး ပထမ၊ ဒုတိယ၊ တတိယ လို့စိတ်မှာ ခံယူပြီး လုပ်ဆောင်ကြပါ။ ၂၄ နာရီ တာဝန်ယူနေကြရတာဖြစ်လို့ ပင်ပန်းကြတယ်။ ဒီအတွက်လည်း ရဲဘော်တို့ကို ဂုဏ်ပြုပါတယ်။ အသိအမှတ်ပြုပါတယ်။ အချင်းချင်း ရဲဘော်ရဲဘက်စိတ်နဲ့ ဖေးမကြပါ။ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အမိန့်နာခံမှု ရှိပါ။ ရဲဘော်ရဲ့ ဂုဏ်အရည်အချင်းက စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုရှိခြင်းပဲ ဖြစ်တယ်။ လိုအပ်တာတွေ အဆင့်ဆင့် ရုံးလုပ်ငန်းနဲ့အညီ တင်ပြကြပါ။ တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမယ်လို့ YPDF တပ်ဖွဲ့ ဥက္ကဋ္ဌက ရှေ့တန်းက ရဲဘော်တွေကို အမှာစကားပြောကြားခဲ့ကြောင်း YPDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် AGS -1 ကလည်းရဲဘော်အချင်းချင်း ခိုက်ရန်မဖြစ်ပွါးကြဖို့၊ မူးယစ်သောက်စားမှု မပြုကြဖို့နှင့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် အခြားသူတွေ အန္တရာယ်ကျရောက်ရတာမျိုး မဖြစ်ဖို့ နေထိုင်လုပ်ကိုင်ကြပါလို့လည်း မှာကြားခဲ့သေးတယ်လို့ YPDF က ဆိုပါတယ်။

YPDF တပ်ဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ရန်သူလာနိုင်ခြေရှိတဲ့ လမ်းတွေ၊ မိုင်းကွင်းတွေနဲ့ ကင်းနေရာတွေကိုလည်း သွားရောက်စစ်ဆေးခဲ့ပြီး လမ်းတလျှောက်တွေ့ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း နှုတ်ဆက်အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

YPDF ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ စစ်ဘေးရှောင်စာသင်ကျောင်းတွေကိုလည်း သွားရောက်ပြီး ပြည်သူမှ ပြည်သူသို့ အစီအစဉ်နဲ့ ငွေကြေးနဲ့ သင်ထောက်ကူပစ္စည်းတချို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ YPDF)

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီက ကျခတ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ကိုရင််ငယ် ၃ ပါးနှင့် အရပ်သား​ ၂ ဦးသေဆုံးပြီး ဥပုသ်စောင့်ဖို့လာသည့် သက်ကြီးပိုင်းများလည်း ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းက ကိုရင်ငယ် ၃ ပါးနဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားမယ်လို့ TNLA ပြော

TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက တစ်နာရီအတွင်း ၅ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့တစ်ရက်တည်းမှာ လေကြောင်းကနေ ၅ ကြိမ်အထိ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
Read More

ဘီးလင်းနယ် အလူးလေးနှင့် သပြေနီကြားတွင် စစ်ကောင်စီတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က ၆ဦးသေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ကင်းပုန်းဝပ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းသတင်းနှင့်ပြန်ကြားရေးက မောင်းကိုပြောပါတယ်။
Read More

ကျောင်းသားလူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကိုင်း PDF ၄ နှစ် ပြည့်

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။