နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာ ၁၃ ရက် ကနေ အောက်တိုဘာ ၁၇ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ က ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကော်မတီအစည်းအဝေးများ၊ အမြဲတမ်းကော်မတီ အစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးများကို ပါဝင်တက်ရောက်သွားမယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ နိုင်ငံအလိုက်  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ လည်း သိရပါတယ်။

 

ညီလာခံတက်ရောက်နေသည့် ဒေါက်တာဝင်းမြတ်အေး၏ တွေ့ဆုံဆွေးနွေးမှု ပုံရိပ်များ (ဓာတ်ပုံ PVTV)

0 Shares:
You May Also Like
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို ကမ္ဘာနဲ့ ပိုထိတွေ့နိုင်အောင် အားပေးသွားမယ်လို့ ထိုင်းပြော

လာမဲ့သီတင်းပတ်မှာပြုလုပ်မယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိအောင် ထောက်ခံအားပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

မဲဆောက်တွင် ထိုင်းအာဏာပိုင်များမှ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ တရားမဝင် စျေးဆိုင်ခန်းများနှင့် သုံးဘီးယာဥ်၊ ဘတ္ထရီစက်ဘီး စီးနင်းသူများကို အရှိန်ဟုန်မြှင့် စစ်ဆေးနေ…

" ဒီမနက် မဲဆောက်စျေးသွားတာ သရဲခြောက်မှာ​တောင်​ ကြောက်ရတယ်။ နေလာတဲ့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ခြောက်ကပ်တာမျိုး မတွေ့ဖူးဘူး" လို့ မဲဆောက်မြို့မှာ အခြေချနေထိုင်နေသူတစ်ယောက်က​ မောင်းသတင်းဌာနကို​ ပြောပါတယ်။
Read More

US အစိုးရလက်အောက် သတင်းဌာနများ၏ လုပ်ငန်းများလျှော့ချဖို့  ထရမ့်၏ ညွှန်ကြားမှုကြောင့်  သတင်းထုတ်လွှင့်မှုမှာ အခက်အခဲဖြစ်ပေါ်နေ

VOA နဲ့ RFA သတင်းဌာနတွေအပါအ၀င် အမေရိကန်အစိုးရ လက်အောက်ရှိ သတင်းဌာနတချို့ရဲ့ လုပ်ငန်းတွေလျှော့ချဖို့  ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့်  သတင်းထုတ်လွှင့်မှုမှာအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။