ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၆ ရက်မှာ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ (၅၀၃) တပ်စခန်းကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းအတွင်းရှိ  အိမ်ထောင်စု(၃၈)စုက ကျား(၁၁) ယောက်၊ မ (၄၈) ယောက်နဲ့ ကလေး (၄၃) ယောက် စုစုပေါင်း တပ်မိသားစုဝင် (၁၀၂) ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်က စစ်ကောင်စီရဲ့ (၅၀၄)တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီတပ်စခန်းအတွင်းရှိ အိမ်ထောင်စု(၃၄)စုက ကျား(၁၆) ယောက်၊ မ (၃၉) ယောက်နဲ့ ကလေး (၃၄) ယောက် စုစုပေါင်း တပ်မိသားစုဝင် (၈၉) ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၂ ရက်မှာတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အဲ့ဒီဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ တပ်မိသားစုဝင်တွေ ပြန်လွှတ်ပေးခဲ့ပြီး ကား ()စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ ခြေလျင်တပ်ရင်းခလရ ၂၃ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က အောက်တိုဘာလ ၁၂ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အဝတ်လှန်းရင်း ကျည်ထိမှန်သေဆုံးခဲ့သူ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဆိုင်ကယ်စီးနင်းလာသူ ၁ယောက်ကို ဦးထုပ်မပါတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ရာ နေအိမ်အတွင်း အဝတ်လှန်းနေသူတစ်ယောက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း Yeasgyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၄လအတွင်း အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက် သေဆုံးခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ (၁)မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။   
Read More

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။