မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို အောက်တိုဘာ ၁၃ ရက် မနေ့ညနေပိုင်းက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force အဖွဲ့ထံက သိရပါတယ်။

ရဲစခန်းအတွင်း လက်နက်ကြီး ၃ လုံးနဲ့ ထွေအုပ်ရုံးကို ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နယ်မြေ အခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတွေရဲ့ ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

နေရာအနှံ့အပြား တိုက်ပွဲတွေ အရှိန်မြင့်တက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးအောင်မြင်တဲ့အထိ ကြိုးစားဆောင်ရွက်သွားမယ်လို့ Wundwin Township Revolution Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံဖိုင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

ကန့်ဒေါင့်ရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ အင်မထီးရွာကို စစ်ကောင်စီက Mi17 ရဟတ် ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပေးပို့ခဲ့ပေးမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီယဲယင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို စက်တင်ဘာ ၁၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Bo Tiger – ဗိုလ်ကျားကြီးအဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံ‌တောင်းနေတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagarတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ရဲ့ လက်ရှိအခြေအနေ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ရဲနှင့် စစ်သားများကို ငလျင်ကယ်ဆယ်မှုအတွင်း မတွေ့ရသည့်အပေါ် ပြည်သူများ မေးခွန်းထုတ် (ရုပ်/သံ)

ငလျင်ဒဏ်သင့် နေရာတွေကို ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်ဘဲ ဘုရားစောင်းတန်းနဲ့ မန္တလေးမြို့ရိုးမှာ ပြိုကျနေတဲ့ အုတ်နီခဲတွေကို သယ်ယူနေတဲ့ ရဲနဲ့ စစ်သားတွေကို ပြည်သူတွေက ဝေဖန်နေပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။