ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က လေယာဥ်နဲ့ ၄ကြိမ်တိုင်တိုင် ဗုံးလာကြဲချတာဖြစ်ပြီး ဒေသခံတွေအဓိက အသုံးပြုနေတဲ့ ယောချောင်းတံတားလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“အောက်တိုဘာလ ၁၂ရက်နေ့ ည ၆နာရီကျော်မှာ ၁ကြိမ် ဂျက်ဖိုက်တာလေယာဥ်နဲ့ လာကြဲချတာ။ ည၁၂နာရီမှာ ၃ကြိမ်ဆက်တိုက် ဗုံးကြဲချခဲ့တာဖြစ်တယ်” လို့ ယောချောင်းကျေးရွာနေ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

“ယောချောင်းတံတားက ဘေလီသံတံတားပဲ။ သစ်သားတွေနဲ့ ခင်းကျင်းထားတာကြောင့် ကားတွေကော လူတွေပါ ဖြတ်မရဖြစ်ပြီး ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်ကုန်တယ်”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က သူတို့ အရင်က စခန်းအထိုင်ချခဲ့တဲ့ နေရာဒေသတွေနဲ့ လူနေရပ်ကွက်ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ယောချောင်းတံတား (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခ အခြေစိုက် မုံရွာမြို့နယ်အတွင်း ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ ဗောဓိတစ်ထောင်အပါအဝင် မုံရွာ - မန္တလေး လမ်းမကြီးပေါ်နဲ့ မုံရွာမြို့ မုဒ်ဦးရှေ့တို့မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ တက်ကြွလူငယ်တွေ ပူးပေါင်းပြီး ၃၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှုတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်ဝေခံပါတီများ မွန်ပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မှုအပေါ် မွန်ပြည်သူများက လက်သင့်ခံကြိုဆိုမည် မဟုတ်

အကြမ်းဖက်စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်တပ်ရဲ့ လက်ဝေခံပါတီတွေကို မွန်ပြည်သူတွေက လက်သင့်ခံကြိုဆိုမှာ မဟုတ်ကြောင်း မွန်အရပ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ်လ ၈ရက်မှာ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လာပါတယ်။