စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။ 

တောင်ပိုင်းစစ်ဒေသနယ်မြေကနေရရှိထားတဲ့အချက်အလက်တွေအရစစ်ကောင်စီတပ်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်တစ်ပတ်အတွင်းအပြစ်မဲ့ပြည်သူ၅ယောက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ၇ နှစ်အရွယ် ကလေးငယ်တစ်ယောက်နဲ့အတူ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့်  ခြေထောက်ပြတ်ထွက်ဒဏ်ရာရသူနှစ်ယောက်အပါအဝင်၂၁ယောက်ဒဏ်ရာရရှိပြီးနေအိမ်၅လုံးပျက်စီးသွားခဲ့ကာနွား၆ကောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင့် ပဲခူးတိုင်း၊ ရေတာရှည်မြိုနယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့စဉ် ဒရုန်းဗုံးသီးတွေ ကြဲချတိုက်ခိုက်နေတာကြောင့် အနီးအနား ကျေးရွာ () ရွာက ပြည်သူ အယောက် (၅၀၀) ခန့်စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။

တောင်ပိုင်းစစ်ဒေသက ရရှိထားတဲ့ အချက်အလက်တွေကိုသာ အခြေခံကာ ပြုစုထားတာကြောင့် လက်တွေ့မြေပြင်မှာတော့ အထက်ပါ စာရင်းထက် ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်နေပုံ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

တနင်္သာရီတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းဆင်းပွဲ…

တနင်္သာရီတိုင်းအခြေစိုက် ဒရုန်းလက်ရုံးတပ်ဖွဲ့ Dragon Squad TNI (UAV Force)ရဲ့ အပတ်စဥ်(၃) ဒရုန်းသင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ထွေအုပ်ဝန်ထမ်း ၁ဦးကို ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။