၂၀၂၂ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို အခုနှစ်အောက်တိုဘာ ၈ ရက်နေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပင်လည်ဘူးမြို့ဟာစစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲမှာ တည်ရှိပြီး ဒေသခံတပ်ရင်း၊ တပ်ဖွဲ့ မရှိပေမယ့် တပ်ရင်း ၁၀ ရင်းလောက်နဲ့ စစ်ကောင်စီက မရရတဲ့နည်းနဲ့ မြို့မကျစေရေးကို ကာကွယ်ခုခံခဲ့တဲ့မြို့ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေဟာ ပင်လည်ဘူးမြို့ကို ရရှိရေးအတွက် မြို့သိမ်းစစ်ဆင်ရေးကို တော်လှန်ရေးကာလ ၃ နှစ်အတွင်း ၅ ကြိမ်မြောက် ဆင်နွှဲကာ တိုက်ခိုက်ရယူခဲ့ရတဲ့ မြို့လည်း ဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပင်လည်ဘူးမြို့ရဲ့ အနောက်ဘက်ကုန်းမှာ ရှိတဲ့ ရွှေပြည်အေး၊ ခမ်းပတ်စတဲ့မြို့တွေကို သိမ်းပိုက်ထားပြီး ထီးချိုင့်မြို့သိမ်းတိုက်ပွဲကိုလည်း လက်ရှိမှာ ဖော်ဆောင်လျက် ရှိနေပါတယ်။

ဒါဟာ စစ်ကိုင်းတစ်ခုလုံးကို ထိန်းချုပ်သွားနိုင်မယ့် လမ်းစလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ပင်လည်ဘူးတိုက်ပွဲမှာ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ရှမ်းနီပြည်သူ့စစ်တွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် တပ်ရင်း ၁၀ ရင်း ကျော်ပါတယ်။ အင်အား ၈၀၀ နီးပါးလောက်ရှိတဲ့ နေရာပါ။  ဒါကို ရှုံးသွားတာဆိုတော့ မြေပြင်ကနေ ပြန်တိုက်ဖို့အတွက်တော့ စစ်ရေးလှန်သွားပြီလို့ ဆိုရပါမယ်။ တဖြည်းဖြည်းနဲ့ ဒီထက်ပိုပြီး စစ်ကိုင်းထဲက အဖွဲ့တွေ ကျစ်ကျစ်လျစ်လျစ်နဲ့ စုစည်းနိုင်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်း အထက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်မယ့် လမ်းစတစ်ခုပါပဲလို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကိုပြောပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ

ဆက်လက်ပြီး ထီးချိုင့်မြို့ကို သိမ်းပိုင်နိုင်ခဲ့ရင်တော့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းအပါအဝင် အနောက်ဘက်ခြမ်းက နေရာတွေဖြစ်တဲ့ မန္တလေးနဲ့ ဆက်စပ်နေတဲ့ တကောင်းမြို့၊ မတ္တရာမြို့နဲ့ သပိတ်ကျင်းမြို့ကိုပါ ဖိအားပေးနိုင်မှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့ကို အရင်က တစ်ကြိမ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ လက်လွှတ်ခဲ့ရတာပါ။ ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲမှာတော့ မတူညီတဲ့ များစွာသော တပ်ရင်းတွေကို အတူတကွ တစုတစည်းတည်း ကွပ်ကဲပြီး ဗျူဟာကျကျ သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနကနေလည်း ပင်လည်ဘူးမြို့သိမ်းအောင်ပွဲဟာ ပထဝီအနေအထားအရ မဟာဗျူဟာကျတဲ့မြို့ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အရေးပါတဲ့ ခံစစ်လိုင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီး မဟာဗျူဟာထိုးစစ်ရဲ့ အရေးကြီးတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ကြီးဇင်ယော်ကပဲ ဆက်လက်ပြီးအခုလက်ရှိ စစ်ပွဲအနေအထားအရ မြောက်ပိုင်းဆို ကချင်၊ အရှေ့ဆို ရှမ်းမြောက်ဒေသ၊ စစ်ကိုင်းအနောက်ခြမ်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းအထိကို လာရောက်နိုင်တဲ့မြို့တွေဟာ ဝမ်းသို၊ ထီးချိုင့်၊ ပင်လည်ဘူးဆိုတဲ့ မြို့တွေပဲ ဖြစ်တယ်ဆိုတာကို စစ်ကောင်စီက အလျင်အမြန် သိလိုက်တာပေါ့နော်။ ဒါကြောင့် နယ်မြေခံတပ်ရင်း မရှိပေမယ့် တပ်ရင်း ၁၀ ရင်းလောက်နဲ့ ခုခံခဲ့တာပါ။ ဒါပေမယ့်လည်း စကစ လက်လန်သွားတယ်ပေါ့နော်။ အဓိက ဗျူဟာဆိုတာ အဲ့ဒါပါပဲလို့ ဆိုပါတယ်။

ပင်လည်ဘူးတိုက်ပွဲဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းကနေပါ အင်အားဖြည့်တင်းခဲ့တာကြောင့် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နဲ့ SNA တပ်မဟာ (၆၁၄) ပူးပေါင်းအင်အား ၇၇၂ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ

စစ်ကောင်စီဘက်က တပ်ရင်း၊ တပ်မတွေအပြင်  လေယာဉ်၊ ရဟတ်ယာဉ် မျိုးစုံသုံးပြီး အကြိမ်ရေ ၆၇၀ ကျော်၊ ဗုံးသီး အလုံးရေ ၅,၀၀၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ပေမယ့် ဗိုလ်ကြီးဇင်ယော်ကတော့ပင်လည်ဘူးတိုက်ပွဲက NUG ကလည်း လက်အောက်ခံတပ်တွေအပြင် လက်အောက်မဟုတ်တဲ့ တပ်တွေကိုပါ စုစည်းတိုက်ခဲ့တာဖြစ်တယ်။ တဖက်က စစ်ကောင်စီကလည်း မြန်မာပြည် တနံတလျားက မတူညီတဲ့ တပ်ရင်း ၁၀ ရင်း စုဖွဲ့တိုက်ခိုက်ခဲ့တာပါ။ ဒါကို တော်လှန်ရေးတပ်ဖွဲ့တွေ အောင်မြင်အောင် တိုက်ခိုက်နိုင်ခဲ့တာဟာ အောင်ပွဲတွေဆီကို တမုဟုတ်ချင်း ရောက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ ပင်လည်ဘူးမြို့ကို ပြန်လည်ရယူဖို့ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုကို အချိန်ယူ စုဖွဲ့ရဦးမှာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်လာဦးမှာပဲ ဖြစ်ပါတယ်။

ကောလင်းပဲရရ၊ ထီးချိုင့်ပဲရရ၊ ကသာပဲရရ ကျနော်တို့ ရှမ်းမြောက်နဲ့ ကချင်ကနေ စစ်ကိုင်းထဲကို ဝင်လာဖို့ လမ်းစ အနေအထားရှိပါတယ်။  အဓိကကတော့ ထီးချိုင့်မှာရှိတဲ့ ဧရာဝတီတံတားစင်းခမ်းတံတားကို ရရင်တော့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းကို စိုးမိုးနိုင်ဖို့ရှိတဲ့ လမ်းပေါက်တစ်ပေါက်ပါပဲ။လို့ မြေပြင်အခြေအနေကို ရှင်းပြခဲ့ပါတယ်။

နှစ်လ နီးပါးကြာမြင့်ခဲ့တဲ့ ဒုတိယအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ကြီး/ ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ပြီး လက်နက်ချ အလင်းဝင်ရောက်လာသူ ၄၈ ယောက်ရှိကာ စစ်သုံ့ပန်း ၁၀၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ အမှတ် () စစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ
ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ
0 Shares:
You May Also Like
Read More

“ပြန်ကောင်းခဲ့ရင် လက်နက်ကိုင်ပြီးတော့ တောထဲပြန်ဝင်မှာ” ရဲဘော် နေလင်း

တိုင်းပြည်တစ်ခုရဲ့ အပြောင်းအလဲ အချိုးအကွေ့တွေတိုင်းမှာ လူငယ်တွေဟာ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်လေ့ ရှိကြပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ခေတ်အဆက်ဆက် ဒီလိုပဲ လူငယ်တွေဟာ ရှေ့တန်းက ပါဝင်နေခဲ့ ပါဝင်နေဆဲ ဖြစ်ပါတယ်။
Read More

အပူရုပ် ဟန်လုပ် ပွဲကြိုက် မင်းအောင်လှိုင် (သရော်စာ)

ဒီဇင်ဘာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီထံက တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ရင်း တော်လှန်ပြည်သူတွေကို နှစ်သစ်လက်ဆောင် ပေးနေကြပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ စစ်ရေးဗျူဟာအတွေ့အကြုံတွေကို သွေးနဲ့ရင်းပြီးရခဲ့တဲ့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း

ဗျူဟာကျကျ စစ်တိုက်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံတွေလိုချင်လို့ ချင်းညီနောင်အဖွဲ့နဲ့အတူ  မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း -၃ ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ပြည်သူတွေကသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

အလင်းဝင် သတင်းတုများဖြန့်၊ ဖုန်းမက်ဆေ့ချ်များ ပို့ကာ တော်လှန်ရေးကို သွေးခွဲဖို့ စစ်ကောင်စီ ကြိုးစားပေမယ့် ထိရောက်မှု မရှိ

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက PDF နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေ နိုင်ငံ့အကျိုးလက်တွဲဖော်ဆောင်ဖို့ဆိုတဲ့ အလိုအလျောက် မက်ဆေ့စာတိုတွေကို ဖုန်းအော်ပရေတာတွေကတဆင့် ပေးပို့နေတာ တွေ့ရပါတယ်။
Read More

စစ်ရေးအရှိန်မြင့်လာတဲ့ မြို့ပြပြောက်ကျား ရန်ကုန်လှုပ်ရှားမှုများ

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ဟန်ပြလုပ်ဆောင်ရင်း အရပ်ဘက် ကယ်ဆယ်ရေးသမားများကိုလည်း အာဏာပြတားဆီးနေ

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းအပါတွေက ဟန်ပြလုပ်ဆောင်ရင်း အကူအညီပေးမယ့် အရပ်ဘက်ပရဟိတအဖွဲ့တွေကိုလည်း အာဏာပြစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။