ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စုရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ () Gyo Bin Gauk Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဒီနေ့အောက်တိုဘာ၁၃ရက်နေ့လည်၁နာရီဝန်းကျင်မှာအဆိုပါဝိုင်းကျေးရွာရဲစခန်းကနေအင်အား၃၀ပါတဲ့စစ်ကြောင်းဟာရေတာရွာဘက်ကိုထွက်ခွာလာစဉ်ဝိုင်းရွာထိပ်ဂုံးပေါက်ကြီးအကျော်ဝိုင်းအုပ်စုဆေးရုံရှေ့မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပဒေသာမိုင်း ၄လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က အသေအပျောက်များပြီး တော်တော်အထိနာသွားပါတယ်။ သူတို့က ခြေလျင်စစ်ကြောင်းကို တစ်ယောက်ကို ၆တောင်လောက် ကွာပြီးလာတာ မိုင်းကလည်း ပဒေသာပတ်လည်မိုင်း ၄လုံးဆိုတော့ တော်တော်လေးလည်း ပြင်းပါတယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရသွားတာလည်း တော်တော်များပါတယ်။လို့၃၈၀၁၊တပ်ခွဲ၅တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အဲဒီနောက်မှာတော့စစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့သေဆုံးတပ်သားအလောင်းတွေကိုရဲစခန်းဆီပြန်လည်မသယ်ဆောင်သွားတော့ဘဲရွာကသင်္ချိုင်းဆီကိုသာသယ်ဆောင်သွားတယ်လို့သိရပါတယ်။ဒါပေမယ့်ဘယ်နှယောက်သေဆုံးသွားလဲဆိုတာကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

သူကပဲ ဆက်လက်ပြီးတိုက်ခိုက်ခံလိုက်ရပြီးတော့ နယ်ခံ အယောက် ၂၀ တိတိကို ရဲစခန်းထဲကို ဖမ်းသွားတယ်လို့ သတင်းရတယ်ဗျ။ လက်ရှိထိတော့ တစ်ယောက်မှ ပြန်မလွတ်လာသေးပါဘူး။လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ထုံးစံအတိုင်းမသင်္ကာရင်ပြည်သူတွေကိုဖမ်းဆီးလေ့ရှိသလိုနယ်ခံအယောက်၂၀ကိုလည်းမင်္သကာမှုနဲ့ဝိုင်းကျေးရွာရဲစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

တော်လှန်ရေးအင်အားစုကတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာဟာပြည်သူတွေနေထိုင်ရာနေရာနဲ့ကိုက်၃၀၀နီးပါးလောက်ဝေးကွာပြီးစစ်ကောင်စီကအထိနာသွားတာကြောင့်သာရမ်းသမ်းဖမ်းဆီးသွားတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ရက်နေ့မှာလည်း ဝိုင်းကျေးရွာရဲစခန်းကနေ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လျှပ်စစ်မီးကို ရန်ကုန်မှာ ၄ နာရီလာ ၈ နာရီပြတ်စနစ်နှင့်အတူ နေပြည်တော်မှာလည်း တစ်ရက် ၆ နာရီ မီးပြတ်မည်

ရန်ကုန်မှာ လျှပ်စစ်မီးအလှည့်ကျပေးမှုကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ကျင့်သုံးမှုနဲ့အတူ စစ်ကောင်စီအဓိက အခြေစိုက်တဲ့ နေပြည်တော်မှာလည်း တစ်ရက်ကို ၆နာရီလောက်အထိ လျှပ်စစ်မီးပြတ်တောက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲပြန်နှိုက်ရန် စစ်ကောင်စီ အတင်းအကြပ် လုပ်ဆောင်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် စပါးခင်းများကြား စစ်တပ်ကင်းပုန်းများကြောင့် ပြည်သူများ စပါးရိတ်ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။